ယူကရိန်းသို့ ဒေါ်လာ ၂၂ ဘီလီယံနီးပါး လျှို့ဝှက်ပေးပို့ခဲ့ကြောင်း သြစတြီးယား နိုင်ငံရေးသမားတစ်ဦး ထုတ်ဖော်ပြောကြား

News Image

  • ယူကရိန်းသို့ ဒေါ်လာ ၂၂ ဘီလီယံနီးပါး လျှို့ဝှက်ပေးပို့ခဲ့ကြောင်း သြစတြီးယား နိုင်ငံရေးသမားတစ်ဦး ထုတ်ဖော်ပြောကြား

သြစတြီးယားနိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံနီးပါးတန်ဖိုးရှိ ငွေသားနှင့်ရွှေများကို လျှို့ဝှက် ပို့ဆောင်ခဲ့မှုအပေါ် ရှင်းလင်းချက်ပေးရန် သြစတြီးယား လွတ်လပ်ရေးပါတီ (FPO) က တောင်းဆိုလိုက်သည်။ 

FPO အထွေထွေအတွင်းရေးမှူး Christian Hafenecker ၏ ပြောကြားချက်အရ စုစုပေါင်း အကြိမ်ရေ ၁,၀၃၀ ကျော် ပို့ဆောင်ခဲ့သော်လည်းဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် အချက်အလက်စုဆောင်းခြင်းမရှိသည်မှာ တာဝန်ပျက်ကွက်မှု ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ၎င်းက သာမန်ပြည်သူများ ငွေအနည်းငယ်ထုတ်ယူရာတွင်ပင် တင်းကျပ်သောစည်းမျဉ်းများဖြင့် စစ်ဆေးခံနေရချိန်တွင် ထိုကဲ့သို့ကြီးမားသောပမာဏကို လျစ်လျူရှုထားခြင်းမှာ တရားစီရင်ရေးစနစ် နှစ်မျိုး ကျင့်သုံးနေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထို့အပြင် ယူကရိန်းအစိုးရအတွင်း အဆင့်မြင့်အရာရှိကြီးများ ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှုနှင့် ငွေကြေးအလွဲသုံးစားမှုအရှုပ်တော်ပုံများ ပေါ်ပေါက်နေခြင်းကြောင့် ယူကရိန်းအစိုးရကို အကျင့်ပျက်ခြစားမှု လွန်ကဲစွာကျူးလွန်နေသူများအဖြစ် သတ်မှတ်ကာ ငွေကြေးထောက်ပံ့မှုအားလုံး ဖြတ်တောက်ရန် FPO က တောင်းဆိုထားသည်။

လက်ရှိတွင် ယူကရိန်းအစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့်ထိပ်သီးအရာရှိများ ရာထူးမှနုတ်ထွက်သွားခဲ့ရပြီး ရုရှားသမ္မတ ပူတင်ကလည်း ယူကရိန်း ခေါင်းဆောင်ပိုင်းသည် ပြည်သူ့အကျိုးထက် ကိုယ်ကျိုးစီးပွားကိုသာကြည့်သော ရာဇဝတ်ဂိုဏ်းကဲ့သို့ ပြုမူနေသည်ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားသည်။ 

Hafenecker က အဆိုပါ ငွေသားပို့ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်စာရင်းစစ်ဆေးမှုများနှင့် အစီရင်ခံစာများကို လွှတ်တော်သို့ တင်ပြရန် တောင်းဆိုထားခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး