အမေရိကန်က အစ္စရေးအပေါ်ထောက်ပံ့မှုများ ရုပ်သိမ်းမည်ဟု ထရမ့်ခြိမ်းခြောက်

News Image

  • အမေရိကန်က အစ္စရေးအပေါ်ထောက်ပံ့မှုများ ရုပ်သိမ်းမည်ဟု ထရမ့်ခြိမ်းခြောက်

အမေရိကန်နိုင်ငံက အစ္စရေးနိုင်ငံသို့ ပေးအပ်နေသော ကူညီထောက်ပံ့မှုများကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့်ဖုန်းပြောစဉ် ခြိမ်းခြောက်ထားသည်ဟု Axio သတင်းဌာနက ဖော်ပြထားသည်။

အစ္စရေးက လက်ဘနွန်နိုင်ငံသို့တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်နှင့်ဆွေးနွေးမှုများကို ဆိုင်းငံ့ထားကြောင်း အီရန်အစိုးရကပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ကြေညာပြီးနောက် ဒေါ်နယ်ထရမ့်က နေတန်ယာဟုနှင့် ဖုန်းပြောဆိုမှုများကို အကြိမ်ကြိမ်လုပ်ဆောင်ထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အီရန်ဘက်ကအဆိုပြုသည့်အချက်တွင် လက်ဘနွန်အပါအဝင် ရှေ့တန်းစစ်မျက်နှာအားလုံး၌ တိုက်ခိုက်နေမှုများကိုရပ်တန့်ရန်ပါဝင်သည်။ မတ်လမှစ၍ လက်ဘနွန်ကိုအစ္စရေးက တိုက်ခိုက်မှုကြောင့် လူပေါင်း၃၇၀၀ နီးပါးသေဆုံးထားသည်။ ထို့ပြင်အီရန်နှင့်အစ္စရေးတို့သည် ဧပြီလတွင်အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် ပထမဆုံးအနေဖြင့် ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့တွင် အပြန်အလှန်တိုက်ခိုက်မှုများ လုပ်ဆောင်သည်။ ယခုအခါ အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုကို ရပ်တန့်ထားပြီးဟု ကြေညာထားကြောင်း သိရသည်။          

Ref: RT

MWD