မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ(ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်းတပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှု အခမ်းအနားကျင်းပ

News Image

  • မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ(ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်းတပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှု အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၀

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အရေးပေါ်အခြေအနေစီမံ ခန့်ခွဲမှုဗဟိုဌာနခွဲ(ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur ၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့က Multi Large Display ကို ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ ဒုတိယဝန်ကြီးက အိန္ဒိယသံအမတ်ကြီးထံ စီမံကိန်းပြီးမြောက်ခြင်းဆိုင်ရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

moi