လက်တင်အမေရိက၏ မြို့တော်အဖြစ်သတ်မှတ်ခံထားရသည့် မိုင်ယာမီမြို့အကြောင်း
မိုင်ယာမီမြို့သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး ရွှေရောင် ကမ်းခြေများ၊ သာယာသော အပူပိုင်းရာ သီဥတု၊ ညဘက်ပျော်စရာနေရာများ၊ လက်တင်အမေရိက ယဉ် ကျေးမှုများကြောင့် အမေရိကန်တွင် လာရောက်လည်ပတ်ရန် အကောင်းဆုံးမြို့များထဲမှတစ်မြို့အဖြစ် နာမည်ကျော်ကြားသည်။ မိုင်ယာမီ မြို့တွင်နေထိုင်သူလူဦးရေမှာ (၄၄၂၂၄၁)ဦးရှိပြီး ဖလော်ရီဒါပြည်နယ် တွင် ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ မိုင်ယာမီမြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၆ ဒသမ ၄၆) သန်းရှိပြီး အမေရိကန်နိုင်ငံတွင်းတွင် ခြောက်ခုမြောက်အကြီးဆုံး မြို့ပြ ဧရိယာတစ်ခုဖြစ်ကြောင်းသိရသည်။ ထို့ပြင် မိုင်ယာမီမြို့တွင် အထပ်မြင့်အဆောက်အအုံပေါင်း (၃၀ဝ) ကျော်ရှိပြီး ယင်းတို့အနက် အဆောက်အအုံ(၇၀)မှာ (၄၉၁)ပေကျော်ရှိကြောင်းသိရသည်။
မိုင်ယာမီမြို့သည် ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် နိုင်ငံတကာ ကုန်သွယ်ရေးတို့တွင် အဓိကအချက်အချာ နေရာနှင့် ဦးဆောင်သူမြို့တစ်မြို့ဖြစ်ပြီး မိုင်ယာမီ မြို့ပြ ဧရိယာသည် ဖလော်ရီဒါပြည်နယ်တွင် အကြီးဆုံး မြို့ပြစီးပွားရေးဖြစ်ကာ (၂၀၁၇)ခုနှစ်တွင် ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၃၄၄ ဒသမ ၉) ဘီလျံရှိခဲ့ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင်လုပ်ဆောင်ခဲ့သော UBS ၏ ကမ္ဘာ့မြို့ကြီး (၇၇) မြို့၏လေ့လာမှုတစ်ခုတွင် မိုင်ယာမီမြို့သည် အမေရိကန်တွင် တတိယ မြောက် အချမ်းသာဆုံးမြို့နှင့် ကမ္ဘာပေါ်တွင် ဝယ်ယူနိုင်စွမ်းအရ တတိယမြောက် အချမ်းသာဆုံး မြို့တစ် မြို့ဖြစ်ကြောင်းသိရသည်။
မိုင်ယာမီမြို့လယ်ကောင်သည် အမေရိကန်နိုင်ငံတွင် နိုင်ငံတကာဘဏ်များ အများဆုံးစုဝေးရာ နေရာများထဲမှတစ်ခုဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီကြီးများစွာ၏ အခြေစိုက်ရာနေရာတစ်ခု လည်းဖြစ်သည်။ မိုင်ယာမီမြို့၏ ကျန်းမာရေး ခရိုင်တွင် ခုတင်ပေါင်း(၁၅၄၇)လုံးပါသော Jackson Memorial ဆေးရုံ၊ မိုင်ယာမီတက္ကသိုလ်၏ ပညာရေး ဆိုင်ရာ ဆေးဘက်ဆိုင်ရာစင်တာနှင့် သင်ကြားရေး ဆေးရုံဖြစ်သော Miller School of Medicine ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုနှင့် သုတေသနတွင် ပါဝင်သည့် အခြားဆေးရုံများအပါအဝင် မိုင်ယာ မီတက္ကသိုလ်နှင့်ဆက်စပ်နေသော အဓိကဆေးရုံနှင့် ကျန်းမာရေးဌာနများစွာရှိကြောင်းသိရသည်။
မိုင်ယာမီမြို့၏ဆိပ်ကမ်းဖြစ်သော မိုင်ယာမီ ဆိပ်ကမ်းသည် ခရီးသည်အသွားအလာနှင့် အပျော် စီးသင်္ဘောလိုင်းနှစ်ခုစလုံးတွင် ကမ္ဘာပေါ်၌ အလုပ်အများဆုံး အပျော်စီးသင်္ဘောဆိပ်ကမ်းတစ်ခုဖြစ် ကြောင်း သိရသည်။ မိုင်ယာမီမြို့ပြဧရိယာသည် နယူးယောက်မြို့ပြီးလျှင် အမေရိကန်နိုင်ငံတွင် ဒုတိယ မြောက်လာရောက်လည်ပတ်မှုအများဆုံး မြို့ပြဧရိယာဖြစ်ပြီး (၂၀၂၂)ခုနှစ်တွင် လာရောက်လည်ပတ်သူ (၄)သန်းကျော်ရှိခဲ့ကြောင်းသိရသည်။ လက်တင် အမေရိကနှင့်ဆက်စပ်သော ခိုင်မာသောစီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများကြောင့် မိုင်ယာမီမြို့ကို လက်တင်အမေရိကသို့ဝင်ပေါက် သို့မဟုတ် လက်တင်အမေရိက၏မြို့တော်ဟုခေါ်ဆိုကြကြောင်း သိရသည်။
မိုင်ယာမီမြို့သည် ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်အချာနေရာ တစ်ခုဖြစ်ပြီး ခိုင်မာသော နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းတစ်ခုရှိကြောင်းသိရသည်။Globalization and World Cities Research Network(GaWC) ၏ (၂၀၂၂)ခုနှစ် ကမ္ဘာ့မြို့ကြီးများ၏အဆင့်သတ်မှတ် ချက်အရ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်ဝန်ဆောင်မှုအဖွဲ့အစည်းများ၏ရှိနေမှုအဆင့် အပေါ်အခြေခံကာ မိုင်ယာမီမြို့ကို အတ္တလန္တာ၊ ဒဲလက်စ်၊ ဟူစတန်မြို့တို့နှင့်အတူ Beta + အဆင့်ရှိ မြို့တစ်မြို့အဖြစ် သတ် မှတ်ခဲ့ကြောင်းသိရသည်။ Akerman LLP ၊ Alienware ၊ Arquitectonica ၊ Brightstar Corporation ၊ Celebrity Cruises ၊ Carnival Corporation ၊ Duany Plater-Zyberk ၊ Greenberg Traurig ၊ Inktel Direct ၊ Lennar Corporation ၊ Norwegian Cruise Line ၊ Oceania Cruises ၊ OPKO Health ၊ Parkjockey ၊ RCTV International ၊ Royal Caribbean International ၊ Sitel ၊ Southern Wine & Spirits ၊ Telemundo ၊ Vector Group ၊ Watsco နှင့် World Fuel Services ကုမ္ပဏီတို့အပါအဝင် ကုမ္ပဏီကြီးများစွာသည် မိုင်ယာမီမြို့တွင် ရုံးချုပ်ရှိကြကြောင်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် hedge fund Citadel LLC ကုမ္ပဏီနှင့် ဈေးကွက်ဖန်တီးသူ Citadel Securities ကုမ္ပဏီတို့သည် ၎င်းတို့၏ရုံးချုပ်ကို ချီ ကာဂိုမြို့မှ မိုင်ယာမီသို့ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။ ထို့ပြင် နိုင်ငံတကာကုမ္ပဏီပေါင်း (၁၄၀ဝ) ကျော်သည် မိုင်ယာမီမြို့တွင်တည်ရှိပြီး Walmar ကော်ပိုရေးရှင်းအပါအဝင် အဓိက ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများစွာသည် ၎င်းတို့၏လက်တင်အမေရိကလုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် ဒေသဆိုင်ရာ ရုံးများကို မိုင်ယာမီမြို့တွင်ထားရှိထားကြောင်းသိရသည်။
မိုင်ယာမီမြို့သည် အဓိကရုပ်မြင်သံကြားထုတ်လုပ်ရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး အမေရိ ကန်နိုင်ငံတွင် စပိန်ဘာသာမီဒီယာအတွက် အရေးအကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ Telemundo နှင့် UniMás ကုမ္ပဏီတို့သည် မိုင်ယာမီမြို့တွင် ၎င်းတို့၏ရုံးချုပ်များရှိပြီး Univisión Studios နှင့် Tele- mundo Global Studios တို့သည် သတင်းများ၊ အားကစားနှင့် စကားပြောရှိုးများကဲ့သို့သော မူရင်းအစီ အစဉ်များစွာကို ၎င်းတို့၏မိခင်ကွန်ရက်များအတွက် ထုတ်လုပ်ပေးကြောင်းသိရသည်။
(၂၀ဝဝ)ပြည့်နှစ်များအတွင်း မိုင်ယာမီမြို့သည် အကြီးမားဆုံး အိမ်ခြံမြေတိုးတက်မှုများကို ကြုံ တွေ့ခဲ့ရပြီး မြို့တွင်အတည်ပြုထားသော အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်း(၁၀ဝ)ကျော်ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း လက်တွေ့တွင် အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်း (၅၀)ကျော်ကိုသာ တည် ဆောက်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်၌ မိုင်ယာမီတွင် ဖလော်ရီဒါပြည်နယ်ရှိ အမြင့်ဆုံး မိုးမျှော် တိုက်(၇)ခုအပြင် ထိပ်တန်းမိုး မျှော်တိုက်(၂၀)ခုတွင် (၁၅)ခုရှိပြီး အမြင့်ဆုံး မိုးမျှော်တိုက်မှာ (၈၆၈) ပေရှိ သော Panorama Tower မိုးမျှော်တိုက်ဖြစ်ကြောင်းသိရသည်။
မိုင်ယာမီမြို့သည် အမျိုးသားဟာရီကိန်း စင်တာနှင့် အလယ်ပိုင်းနှင့်တောင်အမေရိကရှိ စစ်ဆင် ရေးများအတွက်တာဝန်ရှိသော အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်၏ရုံးချုပ်များ အခြေစိုက်ရာ နေရာတစ်ခုလည်းဖြစ်သည်။ ထို့ပြင် မိုင်ယာမီမြို့သည် အထူးသဖြင့် ကျောက်တူးဖော်ခြင်း နှင့် ဂိုဒေါင် များအတွက် စက်မှုလုပ်ငန်းအချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။ အဆိုပါ စက်မှုလုပ်ငန်းများသည် မိုင်ယာမီမြို့၏ အနောက်ဘက်အစွန်အဖျားတွင် အဓိကအားဖြင့် အခြေစိုက်ကြကြောင်း သိရသည်။
NP News
