နိုင်ငံတော်နှင့်ပြည်သူ လက်တွဲညီညီရှေ့သို့ချီ

Posted_Date

Image

နိုင်ငံတော်နှင့်ပြည်သူ လက်တွဲညီညီရှေ့သို့ချီ

Body

ကျွန်ုပ်တို့ပြည်သူများ၏ ဆန္ဒပြည့်ဝခဲ့ကြပြီ 

ကျွန်ုပ်တို့ပြည်သူများ၏ လိုလားတောင့်တသည်မှာ ဒီမိုကရေစီနိုင်ငံတော်နှင့်      ဒီမိုကရေစီအစိုးရဖြစ်သည်။ ဤလိုလားတောင့်တချက် ပြည့်ဝရန်အတွက် ရွေးကောက်ပွဲတွင်  ကျွန်ုပ်တို့တက်ကြွစွာဆန္ဒမဲပေးခဲ့ကြသည်။ အမိနိုင်ငံအတွက် အတော်ဆုံး၊ အကောင်းဆုံးသောပုဂ္ဂိုလ်များကို ရွေးချယ်ခဲ့ကြသည်။ ယခုအခါ ကျွန်ုပ်တို့ရွေးကောက်လိုက်သည့်      အတော်ဆုံး၊ အကောင်းဆုံးပုဂ္ဂိုလ်များပါဝင်သည့်  ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။    ပေါ်ထွန်းလာသော ဒီမိုကရေစီအစိုးရသစ်က ကျွန်ုပ်တို့ပြည်သူများအတွက်  ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ပေးတော့မည် ဖြစ်သည်။  ဒီမိုကရေစီနိုင်ငံတော်ကြီး အောင်မြင်စွာတည်ဆောက်နိုင်ရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍသည်များစွာအရေးကြီးသည်။

ကျွန်ုပ်တို့ပြည်သူများ အရည်အချင်းမြင့်မားရန်လိုသည် 

အဖွဲ့အစည်းတစ်ရပ်အောင်မြင်ရေးအတွက်      ခေါင်းဆောင်သည်   အရည်အချင်းနှင့်ပြည့်ဝသော နောက်လိုက်ငယ် သားကောင်းများရှိရန်လိုသည်။           

နောက်လိုက်ငယ်သား ကောင်းများရှိမှသာ   ခေါင်းဆောင်သည်   မိမိအဖွဲ့အစည်းအတွက်   အောင်မြင်မှုအမျိုးမျိုးကို ရယူပေးနိုင်မည်ဖြစ်သည်။  ထိုနည်းတူ ကျွန်ုပ်တို့   ရွေးကောက်တင်မြှောက်လိုက်သော ဒီမိုကရေစီအစိုးရသစ်သည် ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်ပေးနိုင်ရန်အတွက်  အရည်အချင်းများနှင့် ပြည့်စုံနေသော    နိုင်ငံ့သားကောင်းများ ရှိနေရန်လိုသည်။  နိုင်ငံ့သားကောင်းများရှိနေမှသာ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ကျွန်ုပ်တို့အတွက် ထူထောင်ပေးနိုင်မည်။  အရည်အချင်းများနှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းဖြစ်ရန်ဆိုသည်မှာ ဆန္ဒရှိရုံတစ်ခုတည်းဖြင့်မရနိုင်။ အမှန်တကယ် လက်တွေ့ကြိုးပမ်း ဆောင်ရွက်ခြင်းဟူသော ဝီရိယနှင့်ပေါင်းစပ်ပေးမှသာ အရည်အချင်းနှင့်ပြည့်ဝသော   နိုင်ငံ့သားကောင်းများ ဖြစ်နိုင်သည်။ အရည်အချင်းနှင့်ပြည့်ဝသော နိုင်ငံ့သားကောင်းဖြစ်ရန်အတွက်  ကျွန်ုပ်တို့အားလုံး မပျက်မကွက်ကြိုးပမ်း ထမ်းဆောင်နေရမည့်   ကိုယ်စီတာဝန်များရှိသည်။

ယင်းကိုယ်စီတာဝန်များကို  ကျွန်ုပ်တို့မပျက်မကွက်ကြိုးပမ်းထမ်းဆောင်နေခြင်းဖြင့်  အရည်အချင်းနှင့်ပြည့်ဝသော နိုင်ငံ့သားကောင်းများ အဖြစ် ကျွန်ုပ်တို့ရောက်ရှိလာကြမည်။

ကျွန်ုပ်တို့ထမ်းဆောင်နေကြရမည့် ကိုယ်စီတာဝန်များ

 အရည်အချင်းနှင့်ပြည့်ဝသောနိုင်ငံသားများဖြစ်ရန်အတွက် ကျွန်ုပ်တို့စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည့်ကိုယ်စီတာဝန်များအနက်   အဓိကအချို့ကိုဖော်ပြလိုသည်။  ယင်းကိုယ်စီတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမြှင့်တင်ပေးသည့်တာဝန် 

ကျွန်ုပ်တို့သည် မိမိတို့၏ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုကို  အစဉ်မြှင့်တင်နေရမည်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမြင့်မားသော နိုင်ငံသားများသည်  နိုင်ငံအတွက်အားထားရသည့် အားတစ်ရပ်ဖြစ်သည်။ ယင်းအားကို နိုင်ငံတော်အစိုးရကရယူပြီး   နိုင်ငံ၏ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို ဖန်တီးနိုင်သည်။  ထို့ကြောင့် ကျွန်ုပ်တို့က မိမိတို့၏ကျန်းမာကြံ့ခိုင်မှုကို အစဉ်မြှင့်တင်ပေးနေရန် လိုအပ်သည်။ ကျွန်ုပ်တို့၏ ကျန်းမာကြံ့ခိုင်မှုကို နည်းလမ်းသုံးသွယ်ဖြင့်မြှင့်တင်နိုင်သည်။ ပထမနည်းလမ်းမှာ ကျန်းမာကြံ့ခိုင်ရေးနှင့်ပတ်သက်သောအသိပညာ၊ ဗဟုသုတ၊ စာပေများကို မပြတ်ဖတ်ရှုလေ့လာခြင်း၊ ဒုတိယနည်းလမ်းမှာ ကျန်းမာရေးစံနှုန်းများနှင့်အညီ  နေထိုင်စားသောက်ခြင်း၊ တတိယနည်းလမ်းမှာ  မိမိနှင့်သင့်လျော်ရာ အားကစားနည်းတစ်မျိုးမျိုးကို     ပုံမှန်လေ့ကျင့်နေခြင်းတို့ဖြစ်သည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာဆောင်ရွက်နေခြင်းဖြင့် ကျွန်ုပ်တို့၏ကျန်းမာကြံ့ခိုင်မှုအဆင့်မြင့်မား၍လာမည်။ ကျွန်ုပ်တို့၏ကျန်းမာကြံ့ခိုင်မှု မြင့်မားလာသည်နှင့်အမျှ  အမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကို ပိုမိုကြိုးပမ်းဆောင်ရွက်ပေးနိုင်မည်။    အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင်   ကျွန်ုပ်တို့နိုင်ငံသားများ၏  ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုသည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်နေခြင်းသည် အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်    ကြိုးပမ်းဆောင်ရွက်နေခြင်းသဘော ဖြစ်သည်။

စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုကို မြှင့်တင်ပေးသည့်တာဝန်

 ကျွန်ုပ်တို့သည် မိမိတို့၏စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုကို အစဉ်မြှင့်တင်ပေးနေရမည်။ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မြင့်မားသောနိုင်ငံသားများသည်    နိုင်ငံအတွက်အားထားရသည့် အားတစ်ရပ်ဖြစ်သည်။  ယင်းအားကို နိုင်ငံတော်အစိုးရကရယူပြီး  နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အမျိုးမျိုးကိုဖန်တီးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့က  မိမိတို့၏စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုကို အစဉ်မြှင့်တင်ပေးနေရန်လိုအပ်သည်။ ကျွန်ုပ်တို့၏စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုကို နည်းလမ်းသုံးသွယ်ဖြင့် မြှင့်တင်နိုင်သည်။ ပထမနည်းလမ်းမှာ မိမိတို့သည် အညံ့ခံအရှုံးသမားအဖြစ် ရပ်တည်ရန် အသက်ရှင်သန်နေခြင်းမဟုတ်၊ အောင်နိုင်သူများအဖြစ်ရပ်တည်ရန် အသက်ရှင်သန်နေခြင်းဖြစ်သည်ဟု ခံယူချက်ထားရှိခြင်း၊  ဒုတိယနည်းလမ်းမှာတာဝန်နှင့်ဂုဏ်သိက္ခာသည် အသက်ထက်ပိုမိုမွန်မြတ်သည်။ စွန့်လွှတ်စရာရှိလျှင် အသက်ကိုသာစွန့်လွှတ်မည်၊ တာဝန်နှင့်ဂုဏ်သိက္ခာကို မစွန့်လွှတ်ဟု ဆုံးဖြတ်ချက်သန္နိဋ္ဌာန်ချမှတ်ထားခြင်း၊ တတိယနည်းလမ်းမှာ မိမိချမှတ်ထားသောဆုံးဖြတ်ချက်ကို လုံးဝမစွန့်လွှတ်ဘဲ    ပြီးစီးအောင်မြင်သည်အထိ   မဆုတ်မနစ်ကြိုးပမ်းအားထုတ်ဆောင်ရွက်သည့်အလေ့အထကို   အစဉ်ကျင့်သုံးခြင်းတို့ဖြစ်သည်။  ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာဆောင်ရွက်နေခြင်းဖြင့်  ကျွန်ုပ်တို့၏စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုမြင့်မားလာမည်။ ကျွန်ုပ်တို့၏ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှု မြင့်မားလာသည်နှင့်အမျှ  အမိနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကို   ပိုမိုကြိုးပမ်း ဆောင်ရွက်ပေးနိုင်မည်။     အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများစိတ်ဓာတ်ပိုင်း ကြံ့ခိုင်မြင့်မားမှုသည်  အတိုင်းအတာတစ်ခုအထိ အရေးပါသည်။ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုကို မြှင့်တင်နေခြင်းသည်    အမိနိုင်ငံဖွံ့ဖြိုး တိုးတက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းသဘောဖြစ်သည်။

စွမ်းရည်အမျိုးမျိုးမြှင့်တင်ဆောင်ရွက်ပေးသည့်တာဝန်

 ကျွန်ုပ်တို့သည်  မိမိတို့၏စွမ်းရည်အမျိုးမျိုးကို အစဉ်မြှင့်တင်ပေးနေရမည်။    စွမ်းရည်အမျိုးမျိုး မြင့်မားသောနိုင်ငံသားများသည်  နိုင်ငံအတွက်အားကိုးအားထားပြုရသည့် အားတစ်ရပ်ဖြစ်သည်။ ယင်းအားကို နိုင်ငံတော်အစိုးရကရယူပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကိုဖန်တီးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့က အမိနိုင်ငံအတွက် မိမိတို့၏စွမ်းရည်များကို အစဉ်မြှင့်တင်ပေးနေရန်လိုအပ်သည်။

ကျွန်ုပ်တို့၏စွမ်းရည်များကို နည်းလမ်းသုံးသွယ်ဖြင့်မြှင့်တင်နိုင်သည်။ ပထမနည်းလမ်းမှာ တာဝန်များကိုထမ်းဆောင်ရာတွင် သတ်မှတ်လျာထားချက်များကို ပြည့်မီသည့် အပြင်အဆင်များစွာ ကျော်လွန်ကောင်းမွန်အောင်အစဉ်ထမ်းဆောင်ခြင်း၊ ဒုတိယနည်းလမ်းမှာ တာဝန်များကို    သုတေသနသဘောအခြေခံ၍ထမ်းဆောင်ပြီး ပိုမိုအဆင့်မြင့်သော အတွေးအခေါ် အယူအဆများကို အစဉ်ဖော်ထုတ်ခြင်း၊ တတိယနည်းလမ်းမှာ တာဝန်တစ်ခုထမ်းဆောင်ပြီးတိုင်း ပိုမိုအဆင့်မြင့်ခက်ခဲသော လုပ်ငန်းတာဝန်များကို ထပ်မံထမ်းဆောင်ခြင်းတို့ဖြစ်သည်။   ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာဆောင်ရွက်နေခြင်းဖြင့်  ကျွန်ုပ်တို့၏ စွမ်းရည်များအဆင့်မြင့်မားလာမည်။ ကျွန်ုပ်တို့၏စွမ်းရည်များ  အဆင့်မြင့်မားလာသည်နှင့်အမျှ  အမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို ကျွန်ုပ်တို့ပိုမိုကြိုးပမ်းဆောင်ရွက်ပေးနိုင်မည်။ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများ၏ စွမ်းရည်မြင့်မားမှုသည်    အတိုင်းအတာတစ်ခုအထိ အရေးပါသည်။   စွမ်းရည်အမျိုးမျိုးကိုမြှင့်တင်နေခြင်းသည်   အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းသဘောဖြစ်သည်။

စည်းကမ်းနှင့်ကိုယ်ကျင့်သီလကို မြှင့်တင်ပေးသည့်တာဝန်

ကျွန်ုပ်တို့သည်   မိမိတို့၏စည်းကမ်းနှင့်ကိုယ်ကျင့်သီလအဆင့်ကို အစဉ်မြှင့်တင်ပေးနေရမည်။ စည်းကမ်းနှင့်ကိုယ်ကျင့် သီလမြင့်မားသော နိုင်ငံသားများသည် နိုင်ငံအတွက် အားကိုးအားထားပြုရသည့်အားတစ်ရပ်ဖြစ်သည်။  ယင်းအားကို  နိုင်ငံတော်အစိုးရက ရယူပြီး   နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကို ဖန်တီးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့က အမိနိုင်ငံအတွက်မိမိတို့၏ စည်းကမ်းနှင့်ကိုယ်ကျင့်သီလအဆင့်ကို အစဉ်မြှင့်တင်ပေးနေရန် လိုအပ်သည်။ ကျွန်ုပ်တို့၏စည်းကမ်းနှင့် ကိုယ်ကျင့်သီလကို  နည်းလမ်းသုံးသွယ်ဖြင့်မြှင့်တင်ပေးနိုင်သည်။ ပထမနည်းလမ်းမှာ မိမိတို့၏စိတ်ကိုသတိဖြင့် အစဉ်ထိန်းချုပ်ပြီး မကောင်းမှုမှန်သမျှကို ရှောင်ပြီး   ကောင်းမှုမှန်သမျှကိုဆောင်ရွက်နေခြင်း၊ ဒုတိယနည်းလမ်းမှာ စောင့်သိရမည့်သစ္စာ၊ ထိန်းသိမ်းရမည့် ကျင့်ဝတ်၊  လိုက်နာရမည့်စည်းကမ်းမှန်သမျှကို တိကျစွာလိုက်နာစောင့်ထိန်းနေခြင်း၊ တတိယနည်းလမ်းမှာ   လောကနှင့်ပတ်ဝန်းကျင်အပေါ်တားမြစ်ထားသည့်အရာမှန်သမျှကိုလုံးဝမပြုလုပ်ဘဲ     ဆောင်ရွက်ရန်    တိုက်တွန်းထားသည့်အရာမှန်သမျှကို  မဖြစ်မနေကြိုးပမ်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာဆောင်ရွက်နေခြင်းဖြင့် ကျွန်ုပ်တို့၏စည်းကမ်းနှင့် ကိုယ်ကျင့်သီလအဆင့်မြင့်မားလာမည်။    ကျွန်ုပ်တို့၏စည်းကမ်းနှင့်ကိုယ်ကျင့်သီလ အဆင့်မြင့်မားလာသည်နှင့်အမျှ  မိမိတို့၏စိတ်ကိုထိန်းချုပ်နိုင်စွမ်းမြင့်မားလာပြီး အမိနိုင်ငံဖွံ့ဖြိုးတိုးတက် အောင်မြင်မှု အမျိုးမျိုးကို  ကြိုးပမ်းဆောင်ရွက်ပေးနိုင်မည်။  အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများ၏ စည်းကမ်းနှင့် ကိုယ်ကျင့်သီလအဆင့်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်။ စည်းကမ်းနှင့်ကိုယ်ကျင့်သီလ အဆင့်ကိုမြှင့်တင်နေခြင်းသည် အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်း သဘောဖြစ်သည်။ 

နိုင်ငံချစ်စိတ်ကို မြှင့်တင်ပေးသည့်တာဝန်

ကျွန်ုပ်တို့သည်  မိမိတို့၏နိုင်ငံချစ်စိတ်ကို အစဉ်မြှင့်တင်ပေးနေရမည်။  နိုင်ငံချစ်စိတ်မြင့်မားသော နိုင်ငံသားများသည် နိုင်ငံအတွက် အားကိုးအားထားပြုရသည့်   အားတစ်ရပ်ဖြစ်သည်။   ယင်းအားကို နိုင်ငံတော်အစိုးရကရယူပြီး  နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အမျိုးမျိုးကို ဖန်တီးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့က အမိနိုင်ငံအတွက်  မိမိတို့၏နိုင်ငံချစ်စိတ်ကို အစဉ်မြှင့်တင်ပေးနေရန်လိုအပ်သည်။    ကျွန်ုပ်တို့၏နိုင်ငံချစ်စိတ်ကို  နည်းလမ်းသုံးသွယ်ဖြင့် မြှင့်တင်နိုင်သည်။ ပထမနည်းလမ်းမှာ မိမိနိုင်ငံနှင့်လူမျိုး၏ သမိုင်းကြောင်းကို အစဉ်အောက်မေ့သတိရနေခြင်း၊ ဒုတိယနည်းလမ်းမှာ မိမိနိုင်ငံနှင့်လူမျိုး၏ သမိုင်းအစဉ်အလာများကို အစဉ်ထိန်းသိမ်းလိုက်နာဆောင်ရွက်ခြင်း၊ တတိယနည်းလမ်းမှာ မိမိသည်နိုင်ငံနှင့်လူမျိုး၏ ကိုယ်စားပြုနမူနာအဖြစ်  ရပ်တည်နေသူဟု အလေးအနက်ခံယူထားခြင်းတို့ဖြစ်သည်။        ဤနည်းလမ်းသုံးသွယ်ကို  အစဉ်လိုက်နာဆောင်ရွက်နေခြင်းဖြင့် ကျွန်ုပ်တို့၏နိုင်ငံချစ်စိတ်မြင့်မားလာမည်။

ကျွန်ုပ်တို့နိုင်ငံချစ်စိတ်မြင့်မားလာသည်နှင့်အမျှ  အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကို သက်စွန့်ကြိုးပမ်းရယူပေးမည်။ အမိနိုင်ငံဖွံ့ဖြိုး တိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများ၏ နိုင်ငံချစ်စိတ်သည်    အတိုင်းအတာတစ်ခုအထိအရေးပါသည်။  နိုင်ငံချစ်စိတ်ကို မြှင့်တင်ပေးနေခြင်းသည် အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်နေခြင်း သဘောဖြစ်သည်။ 

စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးသည့်တာဝန်

ကျွန်ုပ်တို့သည်  မိမိတို့၏စည်းလုံးညီညွတ်မှုကို အစဉ်မြှင့်တင်နေရမည်။  စည်းလုံးညီညွတ်မှုရှိသောနိုင်ငံသားများသည် နိုင်ငံအတွက် အားကိုးအားထား ပြုရသည့် အားတစ်ရပ်ဖြစ်သည်။ ယင်းအားကို နိုင်ငံတော်အစိုးရက ရယူပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အမျိုးမျိုးကို ဖန်တီးနိုင်သည်။ ထို့ကြောင့်ကျွန်ုပ်တို့က အမိနိုင်ငံအတွက် မိမိတို့၏ စည်းလုံးညီညွတ်မှုကို အစဉ်မြှင့်တင်ပေးနေရန်လိုအပ်သည်။ ကျွန်ုပ်တို့၏စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို နည်းလမ်းသုံးသွယ်ဖြင့်မြှင့်တင်နိုင်သည်။  ပထမနည်းလမ်းမှာ နိုင်ငံသားများအချင်းချင်း   အပြန်အလှန်သစ္စာစောင့်သိခြင်း၊  ဒုတိယနည်းလမ်းမှာ တစ်ဦးနှင့်တစ်ဦး မရှိအတူ၊  ရှိအတူ အေးအတူပူအမျှ ကောင်းကျိုး၊ ဆိုးကျိုးမှန်သမျှကိုမျှဝေခံစားခြင်း၊ တတိယနည်းလမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာသော သဘောထားကွဲလွဲမှုများကို သဘောထားကြီးစွာဖြင့်       ဖြေရှင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဤနည်းလမ်းသုံးသွယ်ကို  အစဉ်လိုက်နာ ဆောင်ရွက်နေခြင်းဖြင့် ကျွန်ုပ်တို့၏စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာမည်။  ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှု စိတ်ဓာတ်မြင့်မားလာသည်နှင့်အမျှ အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။  အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုစိတ်ဓာတ်သည် အတိုင်းအတာတစ်ခုအထိအရေးပါသည်။  စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို မြှင့်တင်နေခြင်းသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်နေခြင်းသဘောဖြစ်သည်။

တွေးခေါ်မြော်မြင်မှုအဆင့်ကို မြှင့်တင်ပေးသည့်တာဝန်

 ကျွန်ုပ်တို့သည်     မိမိတို့၏တွေးခေါ်မြော်မြင်မှုအဆင့်ကို  အစဉ်မြှင့်တင်ပေးနေရမည်။  တွေးခေါ်မြော်မြင်မှု  အဆင့်မြင့်မားသော နိုင်ငံသားများသည် နိုင်ငံအတွက် အားကိုးအားထားပြုရသည့်အားတစ်ရပ်ဖြစ်သည်။ ယင်းအားကို နိုင်ငံတော်အစိုးရကရယူပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အမျိုးမျိုးကို ဖန်တီးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့က မိမိတို့နိုင်ငံအတွက် မိမိတို့၏တွေးခေါ်မြော်မြင်မှုအဆင့်ကို အစဉ်မြှင့်တင်ပေးနေရန်လိုအပ်သည်။ ကျွန်ုပ်တို့၏တွေးခေါ်မြော်မြင်မှုအဆင့်ကို နည်းလမ်းသုံးသွယ်ဖြင့် မြှင့်တင်နိုင်သည်။  ပထမနည်းလမ်းမှာ စာပေဗဟုသုတများကို အစဉ်ဖတ်ရှုလေ့လာမှတ်သားနေခြင်း၊ ဒုတိယနည်းလမ်းမှာ ပညာရှိသူတော်ကောင်းများ၏ အဆုံးအမတရား၊ လမ်းညွှန်ချက်များကို အမြဲခံယူနေခြင်း၊ တတိယနည်းလမ်းမှာ  လောကနှင့်ပတ်ဝန်းကျင်၏ ဖြစ်ပျက်နေမှုများကို သတိပညာဖြင့်ဆင်ခြင်သုံးသပ်ပြီး မှန်ကန်သော    အတွေးအခေါ်အယူအဆများကိုထုတ်ယူနေခြင်းတို့ဖြစ်သည်။     ဤနည်းလမ်းသုံးသွယ်ကို  အစဉ်လိုက်နာ ဆောင်ရွက်နေခြင်းဖြင့် ကျွန်ုပ်တို့၏တွေးခေါ်မြော်မြင်မှု   အဆင့်မြင့်မားလာမည်။   ကျွန်ုပ်တို့၏တွေးခေါ်မြော်မြင်မှုအဆင့်မြင့်မားလာသည်နှင့်အမျှ  အမိနိုင်ငံထိခိုက်ဆုတ်ယုတ်စေမည့် အရာမှန်သမျှကို ရှောင်ကြဉ်ပြီး အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်စေမည့် အရာမှန်သမျှကို ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။ အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများ၏ တွေးခေါ်မြော်မြင်မှုအဆင့်သည် အတိုင်းအတာတစ်ခုအထိအရေးပါသည်။ တွေးခေါ်မြော်မြင်မှုအဆင့်ကို မြှင့်တင်နေခြင်းသည် အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်နေခြင်း သဘောဖြစ်သည်။ 

သတိ၊ ပညာ၊ ဝီရိယအဆင့်မြှင့်တင်သည့်တာဝန်

ကျွန်ုပ်တို့သည် မိမိတို့၏ သတိ၊ ပညာ၊ ဝီရိယအဆင့်ကို အစဉ်မြှင့်တင်နေရမည်။ သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားသော နိုင်ငံသားများသည် နိုင်ငံအတွက် အားကိုးအားထားပြုရသည့်အားတစ်ရပ်ဖြစ်သည်။ 

ယင်းအားကို နိုင်ငံတော်အစိုးရကရယူပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအမျိုးမျိုးကိုဖန်တီးနိုင်သည်။ 

ထို့ကြောင့် ကျွန်ုပ်တို့က အမိနိုင်ငံအတွက်   မိမိတို့၏ သတိ၊ ပညာ၊ ဝီရိယအဆင့်ကို အစဉ်မြှင့်တင်ပေးနေရန် လိုအပ်သည်။ ကျွန်ုပ်တို့၏ သတိ၊ ပညာ၊ ဝီရိယအဆင့်ကို  နည်းလမ်းသုံးသွယ်ဖြင့်     မြှင့်တင်နိုင်သည်။ 

ပထမနည်းလမ်းမှာ  သတိကြီးမားရန်အတွက် လောကနှင့်ပတ်ဝန်းကျင်ကပေးပို့နေသော       သတင်းအချက်အလက်မှန်သမျှကို    မပြတ်စုဆောင်းပြီး    မည်ကဲ့သို့အဓိပ္ပာယ်ဆောင်ယူနေသည်ကို    အစဉ်သုံးသပ်ဖော်ထုတ်ခြင်း။    ဒုတိယနည်းလမ်းမှာ ပညာကြီးမားရန်အတွက်  ဘဝအတွေ့အကြုံအမျိုးမျိုးတို့ထဲမှ  အဖိုးတန်သဘောတရားနိယာမများကိုလည်းကောင်း၊  ဘဝသင်ခန်းစာအမျိုးမျိုးတို့ကိုလည်းကောင်းဖော်ထုတ်ရယူနေခြင်း။    တတိယနည်းလမ်းမှာ  ဝီရိယကြီးမားရန်အတွက်    လုပ်ငန်းတစ်ရပ်ကို ထမ်းဆောင်သည့်အခါ အခက်အခဲအမျိုးမျိုးနှင့်ကြုံတွေ့နေရစေကာမူ  ပြီးဆုံးအောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သည့်အလေ့အထကို အစဉ်ကျင့်သုံးခြင်း  စသည်တို့ဖြစ်သည်။   ဤနည်းလမ်း သုံးသွယ်ကို   အစဉ်လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားလာမည်။     ကျွန်ုပ်တို့၏   သတိ၊  ပညာ၊  ဝီရိယ အဆင့်မြင့်မားလာသည်နှင့်အမျှ  အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်   မပျက်မကွက်ကြိုးပမ်းဆောင်ရွက်မည်။      အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် ကျွန်ုပ်တို့နိုင်ငံသားများ၏ သတိ၊ ပညာ၊  ဝီရိယအဆင့်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်။     သတိ၊   ပညာ၊  ဝီရိယအဆင့်ကို မြှင့်တင်နေခြင်းသည် အမိနိုင်ငံဖွံ့ဖြိုးတိုးတက် အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းသဘောဖြစ်သည်။

ကျွန်ုပ်တို့တာဝန်ကျေပွန်ကြသည့်အခါ အမိနိုင်ငံအပေါ်ကျေပွန်ရမည့်အထက်ဖော်ပြပါတာဝန်များကို ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်သည့်အခါ ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မြင့်မားသော၊ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မြင့်မားသော၊ စွမ်းရည်အမျိုးမျိုးမြင့်မားသော၊ စည်းကမ်းနှင့်ကိုယ်ကျင့်သီလမြင့်မားသော၊ နိုင်ငံချစ်စိတ်မြင့်မားသော၊ စည်းလုံးညီညွတ်မှုမြင့်မားသော၊ တွေးခေါ်မြော်မြင်မှု အဆင့်မြင့်မားသော၊ သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားသော နိုင်ငံသားများအဖြစ်သို့ရောက်ရှိလာသည်။ တစ်နည်းအားဖြင့်ဆိုရသော်    အမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးနိုင်မည့် နိုင်ငံ့သားကောင်းများအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့်နိုင်ငံသား လက်တွဲညီညီ

နိဂုံးချုပ်အနေဖြင့်တင်ပြရမည်ဆိုပါက  ယခုအခါ ကျွန်ုပ်တို့စိတ်ကြိုက်  အတော်ဆုံး၊ အကောင်းဆုံးဆိုသော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီအစိုးရသစ်ပေါ်ထွန်းလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ဆောင်ရွက်ရမည့်အချက်မှာ ဒီမိုကရေစီအစိုးရသစ်၏ ဦးဆောင်မှုကို  အပြည့်အဝခံယူပြီး အမိနိုင်ငံကောင်းကျိုးမှန်သမျှကို တက်ကြွစွာကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။   ဤသို့ နိုင်ငံတော်အစိုးရနှင့်    ကျွန်ုပ်တို့နိုင်ငံသားများ   လက်တွဲညီညီရှေ့သို့ချီတက်ပါက  ကျွန်ုပ်တို့မျှော်မှန်းသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး မလွဲမသွေပေါ်ထွန်းလာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။     ။

MWD