ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ဖယ်ထုန်ထန်ကို အခြေခံဥပဒေချိုးဖောက်မှုဖြင့် ရာထူးမှဖယ်ရှား

News Image

  • ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ဖယ်ထုန်ထန်ကို အခြေခံဥပဒေချိုးဖောက်မှုဖြင့် ရာထူးမှဖယ်ရှား

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ဖယ်ထုန်ထန်ကို အခြေခံဥပဒေချိုးဖောက်မှုဖြင့် ရာထူးမှဖယ်ရှား ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ရာထူးမှဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ဖယ်ထုန်ထန်ရှင် နာဝပ်ကို ဩဂုတ်လ ၂၉ ရက်တွင် အခြေခံဥပဒေချိုးဖောက်မှုဖြင့် ရာထူးမှဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဖယ်ထုန်ထန်ရှင်နာဝပ်သည် နယ်စပ်ရေးရာပြဿနာများနှင့်ပတ်သက်၍ ကမ္ဘောဒီးယားတာဝန်ရှိသူနှင့် တယ်လီဖုန်းဆက် စကားပြောခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖော်ပြထားသော ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ချိုးဖောက်ရာ ရောက်သည်ဟု ဆိုကာ ၎င်းကိုဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှ တရားသူကြီး ကိုးဦးအနက်ခြောက်ဦးက သဘောတူလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရားရုံးသည် ဖယ်ထုန်ထန်ရှင်နာဝပ်၏ အစိုးရအဖွဲ့ကိုပါဖျက်သိမ်းကြောင်း၊ သို့သော် ကျန်ရှိသောအစိုးရ အဖွဲ့ဝင်များက နောက်ထပ်အစိုးရအသစ်တစ်ရပ် မတက်လာမီအချိန်အထိ အစိုးရ အဖွဲ့တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည် ဖြစ်ကြောင်း အမိန့်ချမှတ်လိုက်သည်။ တရားရုံးက အမိန့်ချပြီးနောက် အစိုးရအိမ်တော်၌ပြုလုပ်သော မိန့်ခွန်းပြောဆိုမှုတွင် ဖယ်ထုန်ထန်ရှင်နာဝပ်က ၎င်းအနေဖြင့် တရားရုံး၏ဆုံးဖြတ်ချက်ကို ကျေကျေနပ်နပ်လက်ခံကြောင်း၊ ကမ္ဘောဒီးယားနှင့် နယ်စပ် ပြဿနာများ ဖြစ်ပွားစဉ် ပြည်သူများ၏အသက်ကိုကာကွယ်ရန်သာ ရည် ရွယ်ကာ တယ်လီဖုန်းဆက်ဆွေး နွေးခဲ့ခြင်း ဖြစ်ကြောင်း ပြောထားသည်။ ဖယ်ထုန်ထန်ရှင်နာဝပ်အနေဖြင့် ယခုကဲ့သို့ ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားခံရပြီးနောက် ဒုတိယဝန်ကြီးချုပ် ဖွမ်ထမ်ဝီချာ ယာချိုင်းက ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို မကြာမီရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ Ref: Xinhua MOI