အမေရိကန်တွင် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများသို့ လူအမြောက်အမြား တက်ရောက်

News Image

  • အမေရိကန်တွင် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများသို့ လူအမြောက်အမြား တက်ရောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ မူဝါဒများကို ဆန့်ကျင်သည့် "No Kings" အမည်ဖြင့် တတိယအကြိမ်မြောက် ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ ကျင်းပရာ လူအင်အားအမြောက်အမြား တက်ရောက်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူများက မတ်လ ၂၉ ရက်တွင် ပြောသည်။

အီရန်စစ်ပွဲ၊ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုများနှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုတို့ကို ကန့်ကွက်ရန် ဆန္ဒပြပွဲများသို့ လူပေါင်း ရှစ်သန်းကျော် တက်ရောက်ကြောင်း ပွဲစီစဉ်သူများက ခန့်မှန်းထားသည်။

ဆန္ဒပြသူများသည် ဝါရှင်တန်ဒီစီရှိ လင်ကွန်း အထိမ်းအမှတ်ရုပ်တုရှေ့တွင် စုဝေးပြီး ဒေါ်နယ်ထရမ့်သည် အာဏာရှင်တစ်ဦးကဲ့သို့ အုပ်ချုပ်ရန် ကြိုးပမ်းနေသော်လည်း အမေရိကန်၏ အာဏာသည် ပြည်သူများထံတွင်သာ ရှိကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ဆန္ဒပြပွဲများတွင် သမ္မတထရမ့်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်တို့၏ ရုပ်ပုံများကို ကိုင်ဆောင်ကာ ၎င်းတို့ကို ရာထူးမှ ဖယ်ရှားရန်နှင့် ဖမ်းဆီးရန် တောင်းဆိုကြသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကမူ ယခုဆန္ဒပြပွဲများကို သတင်းထောက်များမှ လွဲ၍ မည်သူကမျှ စိတ်မဝင်စားကြောင်း တုံ့ပြန်ထားသည်။ ယခုဆန္ဒပြပွဲများကို အမေရိကန်ပြည်တွင်းရှိ မြို့ကြီးများ၌သာမက ပဲရစ်နှင့် လန်ဒန်မြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref: AGC

MWD