နိုင်ငံအတွင်း ထောက်လှမ်းရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဗြိတိန်သံတမန်အား နိုင်ငံအတွင်းမှထွက်ခွာရန် ရုရှားအမိန့်ပေး

News Image

  • နိုင်ငံအတွင်း ထောက်လှမ်းရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဗြိတိန်သံတမန်အား နိုင်ငံအတွင်းမှထွက်ခွာရန် ရုရှားအမိန့်ပေး

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗြိတိန် သံတမန်တစ်ဦးသည် နိုင်ငံအတွင်း ထောက်လှမ်းရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၎င်းအား နိုင်ငံအတွင်းမှထွက်ခွာသွားရန် အမိန့်ပေးခဲ့ကြောင်း ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ရုရှားအာဏာပိုင်များသည် ဗြိတိန် ထောက်လှမ်းရေးတစ်ဦးဖြစ်သူ ဂျန်းစ် ဗန် ရန်းစဘာ့အား ဖော်ထုတ်နိုင်ခဲ့ပြီး၊ ၎င်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစ၍ ဗြိတိန်နိုင်ငံ၏ သံတမန်ရေးရာမစ်ရှင်အဖွဲ့၏ အကာအကွယ်အောက်တွင် ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံရသည့် ပဉ္စမမြောက်ဖြစ်စဉ် ဖြစ်လာသည်။

ဂျန်းစ် ဗန် ရန်းစဘာ့သည် မော်စကိုမြို့တော်ရှိ ဗြိတိန်သံရုံး၌ ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းစဉ် အမှားသတင်းများပေးအပ်ခြင်းဖြင့် ရုရှားနိုင်ငံ၏ တရားဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့က မတ်လ ၃၀ ရက်တွင် ပြောကြားသည်။

ထို့ပြင် ဂျန်းစ် ဗန် ရန်းစဘာ့သည် ရုရှား စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် အလွတ်သဘောတွေ့ဆုံမှုများ ပြုလုပ်စဉ် အရေးပါသည့် သတင်းအချက်အလက်များကို ရယူရန် ကြိုးပမ်းခဲ့ပြီး၊ ၎င်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်နေသည်ဟု ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့က ဆက်လက်ပြောကြားသည်။

ယခုအခါ ဂျန်းစ် ဗန် ရန်းစဘာ့အား ရုရှားအစိုးရက နိုင်ငံအတွင်းမှ ထွက်ခွာရန် နှစ်ပတ်အချိန်ပေးထားပြီး၊ ဗြိတိန်ယာယီသံရုံးတာဝန်ခံ ဒါနေ ဒိုလာကီယာကို ဆင့်ခေါ်၍ တရားဝင်ကန့်ကွက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။

Ref: RT, Iv

MWD