သူမ၏ တစ်နေ့တာသည် ရုရှားနှင့်စတင်ပြီး ရုရှားနှင့်ပင် အဆုံးသတ် နေသည်ဟု Kallas အား ဝေဖန်သူများက Foreign Policy မဂ္ဂဇင်းသို့ ပြောကြား

News Image

  • သူမ၏ တစ်နေ့တာသည် ရုရှားနှင့်စတင်ပြီး ရုရှားနှင့်ပင် အဆုံးသတ် နေသည်ဟု Kallas အား ဝေဖန်သူများက Foreign Policy မဂ္ဂဇင်းသို့ ပြောကြား

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလာ့စ် ၏ တိုက်ရိုက်ပြောဟန်နှင့် ရုရှားအပေါ်အာရုံစူးစိုက်မှုကြောင့် EU ၏ နိုင်ငံတကာဆက်ဆံရေးများ ထိခိုက်နေကြောင်း EU တာဝန်ရှိသူများနှင့် သံတမန်များက Foreign Policy မဂ္ဂဇင်းအား ပြောကြားခဲ့သည်။

ကာလာ့စ်သည် သူမ၏ရာထူးကို အဓိကအားဖြင့် ရုရှားဆန့်ကျင်ရေး ဟောပြောချက်များကြောင့် ရရှိခဲ့သော်လည်း၊ အတွင်းလူများက သူမ၏ ပြောဆိုဟန်သည် မိတ်ဖက်နိုင်ငံများကို ဝေးကွာစေပြီး ဥရောပသမဂ္ဂ၏ သံတမန်ရေးရာရပ်တည်မှုကို ခွန်အားလျော့နည်းစေသည်ဟု ငြင်းခုံလျက် ရှိကြသည်။

"မိမိတို့က သူမကို ပိုပြီးသံတမန်ဆန်ဆန် ပြောမည်ဟု မျှော်လင့်ထား တာပါ" ဟု ဥရောပသမဂ္ဂအခြေစိုက် သံတမန်တစ်ဦးက အင်္ဂါနေ့ (အောက်တိုဘာ ၇) တွင် ထုတ်ပြန်ခဲ့သော သတင်းတစ်ရပ်တွင် ပြောကြား ခဲ့သည်။

"သူမသည် သံတမန်ထက် ရဲအရာရှိနှင့် ပိုတူနေပါသည်" ဟု အခြား သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။ "သူမ၏ တစ်နေ့တာ သည် ရုရှားနှင့်စတင်ပြီး ရုရှားနှင့်ပင် အဆုံးသတ်နေသည်"ဟု ဆိုသည်။

Foreign Policy ၏ ဖော်ပြချက်အရ ကာလာ့စ်၏ "စိတ်ထဲရှိရာကို တိုက်ရိုက်ပြောလိုစိတ်" သည် တရုတ်၊ အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံကြီးများနှင့်ဆက်ဆံရေးကို တင်းမာစေ ခဲ့သည်။ ထို့ကြောင့် သူမသည် NATO အတွင်းရေးမှူးချုပ် မာခ် ရုတ်တ် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ကဲ့သို့သော ပုဂ္ဂိုလ်များအား ဦးစားပေးမှုများတွင် အကြိမ်များစွာ ဘေးဖယ်ခံရသည့် အနေအထားသို့ ရောက်ရှိနေခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂