ကျောက်ဆည်မြို့နယ်၌ စံပြကွက်အဖြစ်စိုက်ပျိုးထားသည့် ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • ကျောက်ဆည်မြို့နယ်၌ စံပြကွက်အဖြစ်စိုက်ပျိုးထားသည့် ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ နိုဝင်ဘာ-၉

မန္တလေးတိုင်းသေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ၌ စံပြကွက်အဖြစ် စိုက်ပျိုး ထားသော မိုးချည်မျှင်ရှည်ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ 

စံပြမိုးချည်မျှင်ရှည်ဝါများကို ကင်းကျေးရွာမှ တောင်သူ (၁၅၅) ဦးမှ ဦးပိုင်အမှတ် (၁၆၂) ခုတွင် စိုက်ပျိုးထား ကြောင်းနှင့် စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းစနစ်များအတိုင်း မြေအစိုဓာတ်ရရှိချိန်၌ တစ်ဧကသတ်မှတ်အပင်ပြည့်မီစွာဖြင့် အကွာအဝေးမှန်စွာဖြင့် စတင်စိုက်ပျိုးပြီး အပင်သက်တမ်း (၂၀) ရက်မှ (၂၅) ရက်သားတွင် စိုက်ကျင်းတစ်ကျင်းတွင် သန်မာသည့် အပင်နှစ်ပင်ချန်၍ သားခွဲပေးခြင်း၊ ရက်ပေါင်း (၄၀) နီးပါး အပိန့်စဝင်ချိန်နှင့်ပန်းပွင့်စပွင့်ချိန်၌ ယူရီးယားအိတ်ဝက်နှင့် ကွန်ပေါင်းအိတ်ဝက် ရောစပ်ပြီး အပင်ခြေများ တွင် ဖျန်းပက်ကာ မြေအစိုဓာတ်ရရှိအောင် ရေသွင်းပေးခြင်း၊ ဝါပင်သက်တမ်း (၅၀)ရက်အထိ စုပ်ပိုး ကာကွယ်ဆေး (၂)ကြိမ်နှင့် ဝါဂွမ်းပိုးနီနှင့် ရွက်လိပ်ရွက်စားပိုး (၂) ကြိမ်ဖျန်းခြင်း စသည့် နည်းစနစ်များအတိုင်း စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)