၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ပထမ ကိုးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာဆီတင်သွင်းမှုကုန်ကျစရိတ် ၅၄ ရာခိုင်နှုန်းကျော် မြင့်တက်လာ

News Image

  • ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ပထမ ကိုးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာဆီတင်သွင်းမှုကုန်ကျစရိတ် ၅၄ ရာခိုင်နှုန်းကျော် မြင့်တက်လာ

မေ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမ  ကိုးလအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ပြည်တွင်းဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ၎င်း၏ လောင်စာဆီတင်သွင်းမှု ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဘဏ်၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ သုံးစွဲခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၄ ဒသမ ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

စွမ်းအင်ကျွမ်းကျင်သူများက ယင်းခုန်တက်မှုသည် နိုင်ငံတကာဈေးနှုန်းဖိအားများနှင့် ပိုမိုအားကောင်းလာသော ပြည်တွင်းသုံးစွဲမှုတို့ကြောင့်ဟု ယူဆကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

MDN