ဗီယက်နမ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်၌ အဓိကမြို့ကြီးများ၏ အများ ပြည်သူ သယ်ယူပို့ဆောင်ရေးတွင် စိမ်းလန်းသောစွမ်းအင် အသုံးပြုမည်
ဟနွိုင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံက ဟနွိုင်းမြို့နှင့်တောင်ပိုင်းအချက်အချာကျရာ ဟိုချီမင်းစီးတီးတို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးမော်တော်ယာဥ်များအားလုံးတွင် ၂၀၃၀ ပြည့်နှစ်၌ သန့်ရှင်းသော၊ စိမ်းလန်းသော၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သောစွမ်းအင် အသုံးပြုမည်ဟု ရည်မှန်းထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါရည်မှန်းချက်ကို လေထုညစ်ညမ်းမှုလျော့ပါးစေရေးနှင့် လေထုအရည်အသွေးစီမံခန့်ခွဲမှုအတွက် အသစ်အတည်ပြုခဲ့သည့် အမျိုးသားလုပ်ငန်းစီမံချက်အောက်တွင် သတ်မှတ်ထားခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ကာလအတွက်ဒီဇိုင်းထုတ်ထားပြီး ၂၀၄၅ ခုနှစ်ဆီသို့ ဦးတည်သည့် အစီအစဥ်ကို နည်းပညာအခြေပြုပို့ဆောင်ရေးနှင့် အငှားယာဥ်များကို သန့်ရှင်းပြီး စိမ်းလန်းသော သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသောစွမ်းအင်များသို့ ကူးပြောင်းနိုင်ရန် မူဝါဒများအထောက်အပံ့ ပေးရန် တောင်းဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း စိမ်းလန်းသောအဆောက်အအုံ ၁,၂၀၀ ရှိမည်ဟု ရည်မှန်းထားကြောင်း အစီရင်ခံစာအရသိရသည်။
အစီအစဥ်အောက်တွင် ဟနွိုင်းမြို့၏နှစ်စဥ် ပျမ်းမျှ လေထုတွင်အမှုန်အမွှားပါဝင်မှု PM2.5 ကို ၂၀၃၀ ခုနှစ်တွင် တစ်ကုဗမီတာလျှင် ၄၀ မိုက်ခရိုဂရမ်အောက်ကျဆင်းစေရန်မျှော်လင့်ထားပြီး အဆိုပါ ကျဆင်းမှုသည် ၂၀၂၄ ခုနှစ် ပျမ်းမျှအမှတ်အောက် ၂၀ ရာခိုင်နှုန်း ကျဆင်းခြင်းဖြစ်ကြောင်းသိရသည်။
ကိုးကား- Xinhua
Photo: Vietnam News
