ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ (MEVM) မဲပေးစက် အသိ ပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြ အခမ်းအနား ကျင်းပ

News Image

  • ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ (MEVM) မဲပေးစက် အသိ ပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြ အခမ်းအနား ကျင်းပ

ကျောက်ဆည်၊ နိုဝင်ဘာ-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ နိုဝင်ဘာ (၂၃)ရက် နံနက်(၈)နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် (MEVM) မဲပေးစက် အသိပညာပေးခြင်း၊ လက်တွေ့ စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဦးမြင့်ကျော်က မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)တွင်ပါဝင်သည့်  ဆန္ဒပြုစက်၊ ထိန်းချုပ်စက်၊ မဲပေးထားမှုအား ဖော်ပြသည့်စက်များ အကြောင်း နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့မဲပေးမည့် ကိုယ်စလှယ်လောင်းများအား ရွေးချယ်မဲပေးရာ၌ ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် အကြောင်းများ အား ရှင်းလင်းပြောကြားခဲ့ လက်တွေ့မဲပေးသရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ခွဲဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့မွန်ကံနှင့်တာဝန်ရှိသူများ၊ ဈေးသူ/ ဈေးသားများ၊ ဈေးဝယ် ပြည်သူ၊ စုစုပေါင်း(၅၀၀)ဦးကျော် တက်ရောက်သရုပ်ပြ မဲပေးခဲ့ကြောင်းနှင့် မဲပေးစက်အသိပညာပေးခြင်း၊ လက်တွေ့ စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားများကို ပြည်ပန်းကျေးရွာနှင့် ဆူးလေကုန်းကျေးရွာများတွင် ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)