ဇီလန်စကီးက ဒေါ်နယ်ထရမ့်နှင့် တတ်နိုင်သမျှ မြန်မြန် တွေ့ဆုံရန် ဆန္ဒ ရှိနေ

News Image

  • ဇီလန်စကီးက ဒေါ်နယ်ထရမ့်နှင့် တတ်နိုင်သမျှ မြန်မြန် တွေ့ဆုံရန် ဆန္ဒ ရှိနေ

ယူကရိန်းသမ္မတ ဗလာဒီမီယာ ဇီလန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် ညှိနှိုင်းရန် တတ်နိုင်သမျှ မြန်မြန်နှင့် ဖြစ်နိုင်ပါက ကျေးဇူးတော်နေ့ (နိုဝင်ဘာ ၂၇) အတွင်း တွေ့ဆုံရန် ဆန္ဒရှိကြောင်း Axios သတင်းဌာနက ဇီလန်စကီး၏ ရုံးအကြီးအကဲ အန်ဒရေးယာမက်၏ ပြောကြားချက်ကို ကိုးကား ဖော်ပြ ထားပါသည်။

သတင်းဌာန၏ ဖော်ပြချက်အရ ထရမ့်သည် အင်္ဂါနေ့ နှောင်းပိုင်းတွင် ကျေးဇူးတော်နေ့အတွက် ဝါရှင်တန်မှ ထွက်ခွာပြီး တနင်္ဂနွေနေ့အထိ ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင် နေထိုင်ရန် စီစဉ်ထား ပါသည်။ ကျေးဇူးတော်နေ့ ပွဲတော်ကာလ အနီးအနားတွင် တွေ့ဆုံခြင်း မှာ သင်္ကေတဆန်သော အရေးပါမှု ဖြစ်ပါကြောင်းလည်း ယာမက်က ပြောကြားသည်ဟု ဖော်ပြထားသည်။

ယာမက်က သမ္မတ ဇီလန်စကီး၏ ခရီးစဉ်သည် တတ်နိုင်သမျှ မြန်မြန် ပြီးစီးလိမ့်မည်ဟု မိမိမျှော်လင့်ပါသည်။အဘယ့်ကြောင့်ဆိုသော် စစ်ပွဲကို အဆုံးသတ်ဖို့ သမ္မတ ထရမ့်က သမိုင်းဝင်တာဝန်ကို ဆက်လက် လုပ်ဆောင် နိုင်ရန် ကူညီပေးမှာဖြစ်သောကြောင့်ဖြစ်ပါသည်” ဟု Axios သို့ ပြောကြား ထားပါသည်။

ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူး Rustem Umerov ကမူ ယခင်က ယူကရိန်းသည် ဗလာဒီမီယာ ဇီလန်စကီး သည် နိုဝင်ဘာလကုန်မတိုင်မီ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ငြိမ်းချမ်းရေးအစီအစဉ်ဆွေးနွေးရန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်း တွင် မီဒီယာများက ဇီလန်စကီးသည် ထရမ့်နှင့် ပဋိပက္ခသစ်များ ဖြစ်ပွား မည်ကို စိုးရိမ်သောကြောင့် လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

အခြားတစ်ဖက်တွင်လည်း Politico သတင်းဌာနက ၎င်း၏ သတင်း ရင်းမြစ်များကို ကိုးကားကာ အမေရိကန်တပ်မတော် အတွင်းရေးမှူး Daniel Driscoll သည် အဗူဒါဘီတွင် အင်္ဂါနေ့ (နိုဝင်ဘာ ၂၅) က ကျင်းပ ခဲ့သည့် အစည်းအဝေးတွင် ယူကရိန်းအရေးကိစ္စအတွက် မူရင်းအချက် ၂၈ ချက်မှ ၁၉ ချက်အထိ ချုံ့ထားသော အစီအစဉ်ကို ရုရှားဘက်သို့ တင်ပြရန် မျှော်မှန်းထားကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-