ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာငွေ (၇၄၅၅) ကျပ်ဖြင့် ကျေးရွာ (၁၆) ရွာတွင် ရောင်းချပေး

News Image

  • ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာငွေ (၇၄၅၅) ကျပ်ဖြင့် ကျေးရွာ (၁၆) ရွာတွင် ရောင်းချပေး

ကျောက်ဆည်၊ နိုဝင်ဘာ-၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့် ပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကစားအုန်းဆီတစ်ပိဿာငွေ(၇၄၅၅)ကျပ်ဖြင့် ကျေးရွာ(၁၆)ရွာတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီလက်လီ၊ လက်ကား အရောင်းဆိုင်များဖြစ်သည့် နေလသုခ၊ နေလသုခ-၂၊ နဒီဧရာ၊ စစ်ငြိမ်း၊ ဗိုလ်တစ်ထောင်၊ အမေထွား၊ အနန္တဂုဏ် ဆီအရောင်းဆိုင်မှ ကုန်းသာ၊ ဟယ်လယ်၊ ကြောင်၊ ကျောက်ဆောက်ကုန်း၊ ကျောက်ဆောက်ကလေး၊ လက်ပံ၊ ကျောက်မဆစ်၊ ဒါန်းတိုင်၊ ခတက်ကုန်း၊ လေးဆယ်ကုန်း၊ ဇီးပင်ဝန်း၊ ကောင်တင်၊ ဒွေးလှ၊ ကျီးအိပ်၊ ဆည်ရွာ၊ ပိတောက်တက် ကျေးရွာ(၁၆)ရွာအား စားအုန်းဆီ (၃၆၅၄)ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်းနေထိုင်လျက် ရှိသော ပြည်သူများအား စားအုန်းဆီများ ဝယ်ယူရာ၌ အခက်အခဲမရှိစေရေး ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်လျက် ရှိသော အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေးထားပြီး စဉ်ဆက်မပြတ် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

 သက်မောင်(ကျောက်ဆည်)