ရန်ကုန် မေ ၁၀ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဌာနာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့မွန်းလွဲပိုင်းက မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်သည်။ ဟောပြောပွဲတွင် အလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းမြင့်၊ မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိ ဦးညိုဆက်နိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးစံသိန်း၊ အမှတ် (၅၀) ယာဉ်ထိန်းတပ်ဖွဲ့စု (အလုံ)တပ်ဖွဲ့စုမှူး ဒု-ရဲမှူး ရဲလင်းတို့က မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောကြပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။မြို့နယ်(ပြန်/ဆက်)MDN
Mon, 11-May-2026