ရန်ကင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

News Image

  • ရန်ကင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် မေ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၂)ရပ်ကွက်နေပြည်သူများအား မြေပြင်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းခရိုင်လဝကဦးစီးမှူး ဦးရန်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင်တို့က ကြီးကြပ်၍ အသက် (၁၀နှစ်/၁၈နှစ်)နှင့်အထက် ရပ်ကွက်နေ ပြည်သူများအား ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များ အသစ်လဲလှယ်ပြုလုပ်ပေးခြင်းနှင့် UID ကတ်တစ်ပါတည်းထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)

MDN