ချောက်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး
ချောက် မေ ၁၀
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀ )စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် ချောင်းတက်ကျေးရွာအုပ်စု ချောင်းတက်ကျေးရွာမှ ပြည်သူ ၂၃ ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးမှုများကို အသစ်လဲလှယ်ပြုလုပ် ပေးခြင်းနှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)
MDN
MM-News-Category
