ယူကရိန်းအတွက် ဒေါ်လာ သန်း ၄၀၀ ပါဝင်သည့် အမေရိကန် စစ်ရေး ဘတ်ဂျက်မူကြမ်း ထွက်ပေါ်
အမေရိကန်လွှတ်တော်က တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၇) က ထုတ်ပြန်ခဲ့သော ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက် အက် ဥပဒေ (NDAA) မူကြမ်းတွင် ယူကရိန်းအား ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့ရန် ပါဝင်နေပြီး ထိုငွေပမာဏသည် စုစုပေါင်းဘတ်ဂျက် ဒေါ်လာ ၉၀၁ ဘီလီယံ၏ ၀.၀၄% ခန့်ရှိသည်။
အဆိုပါသတ်မှတ်ငွေပမာဏသည် ဆီးနိတ်လွှတ်တော်က ယခင် ထောက်ခံ ခဲ့သော ဒေါ်လာ ၅၀၀ သန်းမှ လျှော့ချခြင်းဖြစ်သော်လည်း ယူကရိန်း အား ထောက်လှမ်းရေးအချက်အလက်များ မျှဝေပေးခြင်းကဲ့သို့ ရေရှည် မူဝါဒများ ဆက်လက်ထိန်းသိမ်းထားကာ ယုံကြည်စိတ်ချရသော ကာကွယ်ရေးနှင့် ခြိမ်းခြောက်မှုတားဆီးနိုင်စွမ်းကို ထိန်းသိမ်းရန်ဟု လွှတ်တော်၏ဆန္ဒကို ဖော်ပြထားသည်။
မူကြမ်းတွင် အုပ်ချုပ်ရေး၏ နှစ်သက်ရာ စစ်မက်ရေးရာဌာနအစား တရားဝင်အမည်ဖြစ်သော "ကာကွယ်ရေးဌာန" ဟူသော ဝေါဟာရကို အသုံးပြုထားသည်။မူကြမ်း၏ အခန်းကဏ္ဍအချို့သည် ထရမ့်၏ ဦးစား ပေးချက်များဖြစ်သည့် "Golden Dome" ဒုံးကျည်ကာကွယ်ရေး စနစ် အတွက် ရန်ပုံငွေထောက်ပံ့ခြင်းနှင့် "woke" စစ်ရေးမူဝါဒများကို ရုပ်သိမ်းရန် ရည်ရွယ်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေသည်။
ထရမ့်အစိုးရသည် မော်စကိုနှင့် ပုံမှန်ဆက်ဆံရေးကို ဦးစားပေးသည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်ကို ထုတ်ပြန်ခဲ့ပြီး ယူကရိန်း အား အပေးအယူ အခြေချဖြေရှင်းမှုကို လက်ခံရန် ဖိအားပေးနေသည်။ အကယ်၍ တိုက်ပွဲများ ဆက်လက်ရှည်ကြာပါက စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု သတိပေးထားသည်။
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးသည် အရင်းနှီးဆုံးလက်ထောက် နုတ်ထွက်ခဲ့ရသည့် ထင်ရှားသည့် အဂတိလိုက်စားမှုနောက်ပိုင်းတွင် ပြည်တွင်းမတည်မငြိမ်မှုများကို ရင်ဆိုင်နေရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
