ပန်းတနော်မြို့နယ်တွင် ဒေသထွက် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • ပန်းတနော်မြို့နယ်တွင် ဒေသထွက် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

ပန်းတနော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဒေသထွက် ကွမ်းရွက်များ အရောင်းအဝယ် ကောင်းမွန်နေကြောင်း ပန်းတနော်မြို့နယ် ကွမ်းရွက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှဌေးက ပြောပြ၍ သိရသည်။

ပန်းတနော်မြို့နယ်တွင် ဒေသထွက်ကွမ်းရွက်များ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတတိယပတ်မှ ယနေ့ထိ ဝယ်ယူအားကောင်းမွန်လာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသထွက် ကွမ်းရွက်များ တစ်ရက်လျှင် ပိဿာချိန် ၅၀၀၀ မှ ၆၅၀၀ ထိအရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။

"လက်ရှိ ကွမ်းရွက်တွေက ဒေသတွင်းမှာကို အရောင်းအဝယ် ကောင်းနေတာပါ။ ကွမ်းရွက်တစ်ပိဿာကို ငွေကျပ် ၁၉၅၀၀ ထိပေါက်ဈေးရှိပါတယ်။ ဒေသထွက် ကွမ်းရွက်တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ ဝယ်ယူတာများနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ဒီဘက်က ကွမ်းရွက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တွေက ဒေသထွက်ကွမ်းရွက်တွေကို မှာယူတဲ့ဒေသထိလိုက်လံပို့ပေးပါတယ်။ ဒေသထွက်ကွမ်းရွက်တွေကို အရောင်းအဝယ်လုပ်ရတော့ အခက်အခဲ မရှိပါဘူး"ဟု ပန်းတနော်မြို့နယ် ကွမ်းရွက်ရောင်းဝယ်ရေး ပွဲရုံ ပိုင်ရှင် ဒေါ်လှဌေးက ပြောပြသည်။ 

ပန်းတနော်မြို့နယ်တွင် ကွမ်းရွက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကွမ်းရွက်များကို ဒေသဈေးကွက်အပြင် အခြားဒေသများသို့ပါ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကွမ်းရွက်များ အရောင်းအဝယ်ကောင်းလာသဖြင့် ကွမ်းစိုက်တောင်သူများ၊ ပွဲရုံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ကျော်ကျော်လင်း

ရတနာပုံ