အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့ ကုန်သွယ်ရေးသဘောတူညီချက် ရရှိ
နယူးဒေလီမြို့တွင်ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို အပြီးသတ် ချုပ်ဆိုနိုင်ခဲ့ကြသည်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် (Ursula von der Leyen) က ထိုသဘောတူညီချက်ကို “သဘောတူညီချက်အားလုံး၏ မိခင်” (The mother of all deals) ဟု တင်စားဖော်ပြခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အဆိုပါသဘောတူညီချက် အပြီးသတ် နိုင်ခဲ့မှုကို အင်္ဂါနေ့ (ဇန်နဝါရီ ၂၇) တွင် ရုပ်သံမှတစ်ဆင့် ကြေညာခဲ့သည်။ ထိုသဘောတူညီချက်သည် ဆန်းသစ်တီထွင်မှုများကို အရှိန်အဟုန် မြှင့်တင်ပေးမည်ဖြစ်ပြီး တောင်အာရှနိုင်ငံဖြစ်သော အိန္ဒိယနှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
EU အကြီးအကဲ ဗွန်ဒါလိုင်ယန် ကလည်း ထိုပဋိညာဉ်သည် လူဦးရေ (၂) ဘီလီယံရှိသော လွတ်လပ်သော ကုန်သွယ်မှုဇုန်တစ်ခုကို ဖန်တီးပေးမည် ဖြစ်ပြီး အိန္ဒိယနှင့် ဥရောပသမဂ္ဂ နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည်ဟု ဆိုသည်။
ကိုးကား- RT
Photo: BBC
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး- ၂
