ယခုဘောလုံးရာသီအကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကာဗာဂျယ်ထွက်ခွာမည်
မက်ဒရစ် ဖေဖော်ဝါရီ ၁၂
ရီးယဲလ်မက်ဒရစ်အသင်း ဝါရင့်ခံစစ်ကစားသမား ကာဗာဂျယ်သည် ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ် ကာဗာဂျယ်သည် ရီးယဲလ်မက်ဒရစ်အသင်း အကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်ပူးပေါင်းခဲ့သော်လည်း အသင်းတွင် ပွဲထွက်ကစားခွင့်မရရှိသည့်အတွက် ၂၀၁၂ ခုနှစ် တွင်ပင် လေဗာကူဆင်အသင်းထံ တစ်ရာသီအငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။
ကာဗာဂျယ်သည် လေဗာကူဆင်အသင်းနှင့်အတူ အငှားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရီးယဲလ် မက်ဒရစ်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ကာ ရီးယဲလ်မက် ဒရစ်အသင်း ဆုဖလားများဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ်ပါဝင်ခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက ကာဗာဂျယ်၏ အသက် အရွယ်ကြောင့် သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်း မှုမရှိခဲ့သောကြောင့် ကာဗာဂျယ်အနေဖြင့် ယခု ဘောလုံးရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ထွက်ခွာရမည်ဖြစ်သည်။
ကာဗာဂျယ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ဘောလုံးရာသီ ၁၃ ရာသီအတွင်း ဆုဖလားများစွာဆွတ်ခူးနိုင်ခဲ့သည့်အပြင် ပြိုင်ပွဲစုံ ၄၃၈ ပွဲအထိပါဝင် ကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသမားများထဲတွင် တစ်ဦးအပါအဝင် ရပ်တည် နေကြောင်း သိရသည်။
Ref;Fotmob
MWD
