ကော်ပိုရေးရှင်းကြီးများက လုံးချင်းအိမ်ရာများကို ဝယ်ယူခြင်းအား တားမြစ်သည့် အမှုဆောင်အမိန့်ကို ဥပဒေအဖြစ်အတည်ပြုရန် သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆို

News Image

  • ကော်ပိုရေးရှင်းကြီးများက လုံးချင်းအိမ်ရာများကို ဝယ်ယူခြင်းအား တားမြစ်သည့် အမှုဆောင်အမိန့်ကို ဥပဒေအဖြစ်အတည်ပြုရန် သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆို

ကော်ပိုရေးရှင်းကြီးများက လုံးချင်းအိမ်ရာများကို ဝယ်ယူခြင်းအား တားမြစ်ထားသည့် ၎င်း၏အမှုဆောင်အမိန့်ကို ကွန်ဂရက်လွှတ်တော်က ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပေးရန် သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်သည်။

မိမိတို့က အိမ်တွေကို ကော်ပိုရေးရှင်းတွေအတွက်မဟုတ်ဘဲ လူသားတွေအတွက်ပဲ ဖြစ်စေချင်တာပါ ၊ ကော်ပိုရေးရှင်းများကတော့၎င်းတို့ဘာသာ အဆင်ပြေနေကြတာပဲ” ဟု ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့ညတွင် ပြောကြားသည့် နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) အတွင်း ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတထရမ့်သည် အဖွဲ့အစည်းကြီးများမှ ရင်းနှီးမြှုပ်နှံသူများက လုံးချင်းအိမ်ရာများကို ဝယ်ယူနေခြင်းကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့်လက အမှုဆောင်အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

Blackstone ၊ JPMorgan Chase နှင့် အခြားသောဘဏ်ကြီးများအပြင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများသည် မြင့်တက်လာသော အိမ်ခြံမြေစျေးနှုန်းများမှ အကျိုးအမြတ်ရရှိရန်ရည်ရွယ်၍ မကြာသေးမီနှစ်များအတွင်း မိသားစုနေအိမ်များကို အလုံးအရင်းနှင့် ဝယ်ယူလာခဲ့ကြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် အိမ်များကိုဝယ်ယူကာ ပြန်လည်ငှားရမ်းလေ့ရှိကြပြီး ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ်ကာလ နေအိမ်သိမ်းဆည်းခံရမှုများပြားပြီးနောက်ပိုင်း (အထူးသဖြင့် Sun Belt ပြည်နယ်များတွင်) ၎င်းတို့၏ အခန်းကဏ္ဍမှာ ပိုမိုကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

ကိုးကား- CNN

Photo: Sky News Australia

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂