ဟော်မုဇ်ရေလက်ကြား၌ ရေမြှုပ်မိုင်းများကို အီရန်စတင်ထောင်လျက်ရှိဟုဆို
အီရန်တပ်မတော်သည် ကမ္ဘာ့ရေနံတင်ပို့မှု၏၂၀ ရာခိုင်နှုန်းဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားအတွင်း၌ ရေမြှုပ်မိုင်းများကို စတင်ထောင်လျက်ရှိပြီဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့များက ထုတ်ပြန်ထားသည်။
သို့သော် အီရန်နိုင်ငံအနေဖြင့် ရေမြှုပ်မိုင်းထောင်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်း မဟုတ်သေးဘဲ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းအလုံးရေ ဒါဇင်ပေါင်းအနည်းငယ်ခန့်သာ ထောင်ထားခြင်းဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့နှစ်ခုက ပြောသည်။
တစ်ချိန်တည်းမှာပင် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်သည် အီရန်နိုင်ငံမှ မိုင်းထောင်သင်္ဘော ၁၆ စင်းကို မတ်လ ၁၀ ရက်နေ့က ရေလက်ကြားအနီး၌ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ကြေညာထားသည်။
အမေရိကန်တပ်မတော်အနေဖြင့် သင့်တော်သောအမိန့်ပေးမှုရရှိမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားတစ်လျှောက်ရှိသင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးနိုင်မည့် နည်းလမ်းများအား စတင်စဉ်းစားလျက်ရှိကြောင်း အမေရိကန်တပ်မတော်မှ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက မတ်လ ၁၀ ရက်တွင် ပြောကြားသည်။
ထို့ပြင် လက်ရှိ အီရန်နှင့် ဖြစ်ပွားနေသောပဋိပက္ခအတွင်း အမေရိကန်ဘက်မှ ထိခိုက်ကျဆုံးမှု စာရင်းများကိုလည်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားကြောင်း သိရသည်။
Ref: Iv
MWD

,
,
,