ကာသေ့နှင့် ရောမတို့အကြားဖြစ်ပွားသည့် စစ်ပွဲကာလအတွင်း ကာသေ့တပ်ဖွဲ့က အသုံးပြုခဲ့သည်ဟု ယူဆရသည့် တိုက်ဆင် တစ်ကောင်၏အရိုးကို ပညာရှင်များ ရှာဖွေတွေ့ရှိ
ရှေးဟောင်းသုတေသန ပညာရှင်များသည် စပိန်နိုင်ငံတွင် ပြုလုပ်သော တူးဖော်မှုတစ်ခုတွင် ကာသေ့နှင့် ရောမတို့အကြားဖြစ်ပွားသည့် ဒုတိယပြူးနစ်စစ်ပွဲကာလအတွင်းက ကာသေ့တပ်ဖွဲ့များက အသုံးပြုခဲ့သည်ဟုယူဆရသည့် တိုက်ဆင်တစ်ကောင်၏ လက်ကောက်ဝတ် အရိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါအရိုးသည် ကာသေ့ဗိုလ်ချုပ် ဟန်နီဘောက ရောမစစ်သူကြီးတစ်ဦးဖြစ်သူ စီပီယို အာဖရိကနပ်စ်၏ တပ်ဖွဲ့များအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဆင်မျိုးစိတ်နှင့်ခေတ်ကာလ အတိုင်းအတာအားဖြင့် ကိုက်ညီနေသည်ဟု နှိုင်းယှဉ်လေ့လာမှုများနှင့် ရေဒီယိုကာဗွန်သက်တမ်း တိုင်းတာမှုများတွင် ဖော်ပြထားသည်။
အဆိုပါစစ်ပွဲအတွင်း ဟန်နီဘော၏တပ်များက ဆင်များကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့ခြင်းမှာ သမိုင်းတွင် ထင်ရှားကျော်ကြားပြီး လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက သမိုင်းနှင့်စာပေများတွင် ပုံဖော်ရေးသားခဲ့ကြသည်။
ဟန်နီဘောတပ်ဖွဲ့များက အသုံးပြုသည့် တိုက်ဆင်ကြီးများသည် ၎င်းတို့၏အဆင်း သွင်ပြင်သာမက ယခင်က မကြုံဖူးသည့် အနံ့ဆိုးများကြောင့် ရန်သူရောမတပ်များမှ စစ်မြင်းများကို ထိတ်လန့်သွားစေပြီး စစ်မြေပြင်တစ်ခွင်လုံး တုန်လှုပ်ချောက်ချားမှုများဖြစ်ပေါ်စေခဲ့သည်ဟု သမိုင်းပညာရှင်တစ်ဦးဖြစ်သူ လီဗီက ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။
MWD

,
,
,