ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများအကြောင်း အသိပညာပေး ဟောပြော

News Image

  • ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများအကြောင်း အသိပညာပေး ဟောပြော

ကျောက်ဆည်၊ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က လူငယ်များ၏ဝတ်စားဆင်ယင်မှု၊လူငယ်နှင့် အကျင့်စရိုက်များအကြောင်းနှင့် မြန့်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်း က အမျိုးသားယဉ်ကျေးမှု အကြောင်းများကို အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ ကျောင်းသားလူငယ်များ၊ အမျိုးသမီး ငယ်များ ၄၈ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် လူငယ်များက ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသ စာအုပ်များကို ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)