နွေရာသီကျောင်းပိတ်ရက်များ လူငယ်များဘက်စုံဖွံ့ဖြိုးရေး အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

News Image

  • နွေရာသီကျောင်းပိတ်ရက်များ လူငယ်များဘက်စုံဖွံ့ဖြိုးရေး အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

ကျောက်ဆည်၊ မတ် ၁၈

နွေရာသီကျောင်းပိတ်ရက်များ လူငယ်များဘက်စုံဖွံ့ဖြိုးရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ မတ် ၁၈ ရက် နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံတိုင်းရင်းဆေးပညာ ပညာပေးရက်တိုသင်တန်း  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကိုဆက်လက်သင်ကြားခဲ့ရာ ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ခရိုင် တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က တိုင်းရင်းဆေးပညာ၏အခြေခံသဘောတရားများ၊ ကျောက်ဆည်မြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်က မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများအသုံးပြုပုံနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်က ရာသီအလိုက် ယေဘူယျဖြစ်တတ်သောရောဂါများအကြောင်းကို ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၈) ဦး အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှ မတ်လ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့ (အခမဲ့) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး