ကျောက်ဆည်မြို့နယ်၌ အစိုးရဓမ္မာစာရိယစာမေးပွဲ စတင်ဖြေဆို
ကျောက်ဆည် မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရဓမ္မာစရိယ စာမေးပွဲကို မွန်းလွဲ ၁ နာရီက သင်တောင်းကျေးရွာ ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစိုးရဓမ္မာစရိယ စာမေးပွဲ ပါရာဇိကကဏ်ဘာသာရပ်တွင် သံဃာ(၂၈)ပါးဝင်ရောက် ဖြေဆို ခဲ့ကြောင်းသိရှိရပြီး စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး ကျောက်ဆည်မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီ စာသင်တိုက်ပဓာနနာယက ဘဒ္ဒန္တပညာသာမိ (မဟာဂန္တဝါစကပဏ္ဍိတ)နှင့် သက်ဆိုင်ရာမြို့နယ် သံဃနာယက အဖွဲ့ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေဦးဟန်နှင့်အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများက ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် များနှင့် အချိုရည်များ၊ ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

,
,