ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ

News Image

  • ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ

ကျောက်ဆည်၊ မတ်-၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲနှင့်ပဒေသာကပွဲကို မတ်လ၂၆ရက် နံနက်၉နာရီခွဲက အဆိုပါမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အနာဂတ် တွင် ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကလေးငယ်များအားအကောင်းဆုံး ပြုစုပျိုးထောင်ကြရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်တင်တင်ထွေး၊ ဦးစီးအရာရှိ ဒေါ်မေဆုကျော်၊ ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ထက်ထက်မာက သားငယ်၊သမီးငယ် (၈၉) ဦးအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သားငယ်၊သမီးငယ်များက “ဗမာမလေးပါရှင့်”၊ “မမအထာ” ၊ဗုံ ဗုံ ဗုံသင်္ကြန်”သီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ပြီး  စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။

တင်တင်ထွေး(ကျောက်ဆည်)