ကျောက်ဆည်မြို့၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုရေးအထောက်အပံ့ပေးရေးသင်တန်း ဆက်လက်ပို့ချ

News Image

  • ကျောက်ဆည်မြို့၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုရေးအထောက်အပံ့ပေးရေးသင်တန်း ဆက်လက်ပို့ချ

ကျောက်ဆည် မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ် လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း (မြို့နယ်အဆင့်) သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် (ဒုတိယ)နေ့အဖြစ် ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းအား သင်တန်းကျင်းပရေးလုပ်ငန်းကော်မတီဖွဲ့စည်း၍ ကြီးကြပ်သူ တစ်ဦး၊ သင်တန်းနည်းပြ ၁၈ ဦး၊ ရုံး အဖွဲ့ ၂ ဦးဖြင့် ဖွင့်လှစ်ထားရှိပြီး သင်တန်းသား/ သင်တန်းသူ ၂၁၂ ဦး တက်ရောက်လျက်ရှိပြီး သင်တန်း တက်ရောက်ခြင်းဖြင့် ကျောင်းများနှင့်အခြားသောပညာသင်ယူရေးဌာနများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှု ဆက်ဆံရေးအထောက်အပံ့ပေးခြင်း အရေးကြီးပုံနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ လုပ်ငန်းမျိုးမျိုးကို နားလည် သဘောပေါက်ပြီး ထိုလုပ်ငန်းများကို တစ်ကျောင်းလုံးနှင့်ဆိုင်သည့် ပုံမှန်လုပ်ငန်းတစ်ရပ်အနေဖြင့် အကောင်အထည် ဖော်ရာ၌ ဦးဆောင်နိုင်ခြင်း၊ ကျောင်းကလေးများအား စိတ်ပိုင်းဆိုင်ရာာ ကနဦးကူညီစောင့်ရှောက်မှုပေးနိုင်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ကျောင်းတွင်းဆွေးနွေးပွဲများကို ဦးဆောင် ဆွေးနွေးနိုင်ခြင်း အသိပညာပေး ဆွေးနွေးမှုများနှင့် စည်းရုံးမှုများ လုပ်ဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)