အမေရိကန်နှင့် အီရန်တို့ကြား ဆွေးနွေးပွဲများ ပါကစ္စတန်၌ စတင် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နေ

News Image

  • အမေရိကန်နှင့် အီရန်တို့ကြား ဆွေးနွေးပွဲများ ပါကစ္စတန်၌ စတင် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နေ

 

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ဧပြီလ ၁၁ ရက်နေ့၌ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အသေးစိတ်ဆွေးနွေးမှုများသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဆွေးနွေးပွဲကာလကို တစ်ရက် ထပ်မံတိုးမြှင့်ဖွယ်ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲများ မစတင်မီ ပါကစ္စတန်ဝန်ကြီးချုပ်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ တစ်ချိန်တည်းတွင် အမေရိကန်ဘက်မှ ထိန်းချုပ်ထားသော အီရန်၏ ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရန်နှင့် လက်ဘနွန်နိုင်ငံတွင် ပစ်ခတ်မှု ရပ်စဲရန် သဘောတူခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ထုတ်လွှင့်ခဲ့သော်လည်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ထိုသို့ သဘောတူညီထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

လက်ရှိတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် အရေးကြီးသော အချက်အလက်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးနေပြီး ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ အပြုသဘောဆောင်သော အရိပ်အယောင်များ ရှိနေကြောင်း သိရသည်။ ယခုဆွေးနွေးပွဲတွင် အဓိကအားဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များနှင့် ပိတ်ဆို့အရေးယူမှုများကို မည်သို့ လက်တွေ့အကောင်အထည်ဖော်မည်နှင့် ပတ်သက်၍ ဆွေးနွေးနေခြင်း ဖြစ်သည်။ အိမ်ဖြူတော်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း ယခုဆွေးနွေးပွဲမှတစ်ဆင့် နှစ်ဖက်သဘောတူညီချက်များ ရရှိရန် မျှော်လင့်ထားသည်။

Ref: Xinhua

MWD