နိုင်ငံခြားခရီးသွားတွေအတွက် ဂျပန်ရထားလက်မှတ် (JR Pass) ဈေးနှုန်းများ အောက်တိုဘာလမှစတင်၍ ထပ်မံမြင့်တက်မည်

News Image

  • နိုင်ငံခြားခရီးသွားတွေအတွက် ဂျပန်ရထားလက်မှတ် (JR Pass) ဈေးနှုန်းများ အောက်တိုဘာလမှစ ထပ်မံမြင့်တက်မည်

ဂျပန်နိုင်ငံတစ်ဝန်းရှိ ကျည်ဆန်ရထား (Shinkansen) အပါအဝင် ရထားလိုင်းတွေကို အကန့်အသတ်မရှိ စီးနင်းနိုင်တဲ့ Japan Rail Pass (JR Pass) ဈေးနှုန်းတွေကို နိုင်ငံခြား ခရီးသွားတွေအတွက် လာမယ့် အောက်တိုဘာ (၁) ရက်မှစကာ တိုးမြှင့်သတ်မှတ်တော့မှာဖြစ်တယ်လို့ ဂျပန်ရထားလုပ်ငန်းစု (JR Group) က ဧပြီလ (၁၁) ရက် က ထုတ်ပြန်ခဲ့ပါတယ်။
ယခုတစ်ကြိမ် ဈေးနှုန်းပြင်ဆင်မှုမှာ လက်မှတ်အမျိုးအစားအလိုက် (၅) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်း ဝန်းကျင်အထိ မြင့်တက်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဈေးနှုန်းတွေကို (၇၀) ရာခိုင်နှုန်းခန့်အထိ မြှင့်တင်ခဲ့ပြီးနောက်ပိုင်း လည်ပတ်မှုကုန်ကျစရိတ်တွေကြောင့် အခုလို ထပ်မံတိုးမြှင့်လိုက်ရ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အသုံးအများဆုံးဖြစ်တဲ့ ရိုးရိုးတန်း (Ordinary Car) လက်မှတ်ဈေးနှုန်းတွေဟာ (၇) ရက် သက်တမ်းရှိ လက်မှတ် - ယန်း ၅၀,၀၀၀ မှ ယန်း ၈၀,၀၀၀ ထိ ( ယန်း ၃,၀၀၀ တိုးမြှင့်)၊ (၁၄) ရက် သက်တမ်းရှိ လက်မှတ်ကို ယန်း ၈၀,၀၀၀ မှ ယန်း ၈၄,၀၀၀ ( ယန်း ၄,၀၀၀ တိုးမြှင့်)၊ (၂၁) ရက် သက်တမ်းရှိ လက်မှတ်ကို ယန်း ၁၀၀,၀၀၀ မှ ယန်း ၁၀၅,၀၀၀ ထိ (ယန်း ၅,၀၀၀) တိုးမြှင့်မယ်လို့ သိရပါတယ်။

အလားတူ အထူးတန်း (Green Car) လက်မှတ်တွေကိုလည်း ဈေးနှုန်းအသီးသီးမြင့်တက်သွားမှာဖြစ်ပြီး (၇) ရက်သက်တမ်းရှိ အထူးတန်းလက်မှတ်ဟာ - ယန်း ၇၄,၀၀၀ ယန်းအထိ ဖြစ်လာမယ်လို့ သိရပါတယ်။
JR Group ရဲ့ထုတ်ပြန်ချက်အရ အရှေ့ဂျပန်ရထားလုပ်ငန်း (East Japan Railway) က ရထားလက်မှတ်ခ တွေကို (၇.၁) ရာခိုင်နှုန်းခန့် တိုးမြှင့်လိုက်ခြင်းနဲ့ အခြားသော ဝန်ဆောင်မှုစရိတ်တွေ မြင့်တက်လာခြင်းတို့ကြောင့် ယခုလို လိုက်ပါပြင်ဆင်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်နှုန်းမြင့် ရထားတွေဖြစ်တဲ့ Nozomi နဲ့ Mizuho ရထားလိုင်းတွေကို စီးနင်းလိုရင်တော့ ယခင်အတိုင်း ထပ်ဆောင်းအခကြေးငွေ (Extra Supplement Ticket) ပေးဆောင်ရမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံကိုသွားရောက်မယ့်ခရီးသွားတွေအနေနဲ့ အောက်တိုဘာလမတိုင်မီ လက်မှတ် ကြိုတင်ဝယ်ယူ ထားနိုင်ပြီး မြင့်တက်လာမယ့် ဈေးနှုန်းဒဏ်ကို ရှောင်လွှဲနိုင်မယ်လို့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

Np News