အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
ညောင်ရွှေ ဧပြီ ၁၃
အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို တစ်မူထူးခြားစွာ ဆင်ယင်ကျင်းပရန်၊ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေ စေရန်၊ အင်းသားတို့၏ ဓလေ့ရိုးရာများကို တွေ့မြင်ခံစားနိုင်စေရန် ၁၃၈၇ ခုနှစ် အင်းလေးရေပေါ် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မဟာသင်္ကြန်အကြိုနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ရေလည်ဧည့်ခန်းမ (ရေလယ်ဗိုလ်တဲ) ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ရေပေါ်သင်္ကြန် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ညီညာလှပစွာ ကပြတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပွဲတော်တက်ရောက်လာသူများ၊ ယိမ်းအက အဖွဲ့များနှင့် လာရောက်လည်ပတ်ကြသူများကို အတာရေစင်ပက်ဖျန်းပြီး ယိမ်းအဖွဲ့များ၊ နိုင်ငံကျော် တေးသံရှင်များ၏ အကအလှများ၊ တေးသံသာများဖြင့် ကပြ၊ သီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
စိုင်းအယ်ဘဲ

,
,