ထိုင်းနိုင်ငံက ၂၀၇၀ ပြည့်နှစ်အရောက်တွင် ဆာဟာရသဲကန္တာရကဲ့သို့ အလွန်အမင်းပူပြင်းလာနိုင်

News Image

  • ထိုင်းနိုင်ငံက ၂၀၇၀ ပြည့်နှစ်အရောက်တွင် ဆာဟာရသဲကန္တာရကဲ့သို့ အလွန်အမင်းပူပြင်းလာနိုင်

    ထိုင်းနိုင်ငံသည် ၂၀၇၀ ပြည့်နှစ်တွင် ဆာဟာရသဲကန္တာရကဲ့သို့ အလွန်အမင်းပူပြင်းသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဧပြီလ ၁၈ ရက်တွင်ထုတ်ပြန်သည့်    ရာသီဥတုဆိုင်ရာ   သုတေသနအသစ်များကဖော်ပြထားသည်။ 

ထို့ပြင် ယင်းအချိန်တွင်ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာ့နေရာအသီးသီးရှိ အပူချိန်သည် လူသားမျိုးနွယ်စု သမိုင်းအဆက်ဆက် ရှင်သန်နေထိုင်နိုင်ခဲ့သော   အပူချိန်ထက်ကျော်လွန်သည့်အခြေအနေသို့  ရောက်ရှိလာနိုင်ကြောင်း  သိပ္ပံပညာရှင်များက သတိပေးထားသည်။

သမိုင်းတစ်လျှောက်တွင် လူသားတို့သည် ပျမ်းမျှနှစ်စဉ်အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်မှ၁၅ ဒီဂရီစင်တီဂရိတ်အတွင်းရှိ လူသားတို့ရှင်သန်ရာ ရာသီဥတုနယ်ပယ်အတွင်း၌သာ အခြေချနေထိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်ပျမ်းမျှနှစ်စဉ်အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက လူသားများရှင်သန်နေထိုင်ရန် ခက်ခဲလာမည်ဖြစ်သည်။ 

လက်ရှိတွင် ထိုကဲ့သို့ အလွန်ပူပြင်းသော အခြေအနေမျိုးကို ကမ္ဘာ့မြေမျက်နှာပြင်၏သုည ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော ဆာဟာရဒေသများတွင်သာ အဓိကတွေ့ရှိရသော်လည်း    နောင်တစ်ချိန်တွင်   ထိုင်းနိုင်ငံအပါအဝင် အခြားဒေသများသို့ ကူးစက်လာနိုင်မည်ဖြစ်သည်။  လက်ရှိထိုင်းနိုင်ငံ၏ပျမ်းမျှနှစ်စဉ်အပူချိန်မှာ  ၂၆  ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

MWD