လက်ရှိဘဏ္ဍာနှစ်အတွင်းပြည်ပသို့ ပုစွန်တန်ချိန်တစ်ထောင်ကျော် တင်ပို့နိုင်ခဲ့
ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့လျက်ရှိရာ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် တစ်နှစ်တာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် တစ်သောင်းကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
"(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်(၂၀၂၅) ခုနှစ် ဧပြီလ (၁) ရက်မှ (၂၀၂၆) ခုနှစ် မတ်လ (၃၁) ရက်အထိ တစ်နှစ်တာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၁၀၅၈၁ ဒသမ ၅၂၄) တန်တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ (၃၃ ဒသမ ၁၃၆) သန်းရရှိခဲ့ပါတယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် (၂၀၂၅) ခုနှစ် ဧပြီလ (၁) ရက်မှ (၂၀၂၆) ခုနှစ် မတ်လ (၃၁) ရက် အထိ တစ်နှစ်တာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၉၅၉၃ ဒသမ ၅၉၄) တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ (၂၇ ဒသမ ၇၅၂) သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၉၈၇ ဒသမ ၉၃) တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ (၅ ဒသမ ၃၈၄) သန်းရရှိသည့်အတွက် စုစုပေါင်း ပုစွန်မက်ထရစ်တန် (၁၀၅၈၁ ဒသမ ၅၂၄) တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ (၃၃ ဒသမ ၁၃၆) သန်းရရှိကြောင်း သိရသည်။
ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပုစွန်မက်ထရစ်တန် (၉၁၄၆ ဒသမ ၆၁၅) တန်တင်ပို့ခဲ့ပြီး (၂၀၂၅-၂၀၂၆) ဘဏ္ဍာ နှစ်ကာလတူတွင် ပုစွန်မက်ထရစ်တန် (၁၄၃၄ ဒသမ ၉၀၉) တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။
ပြည်တွင်းမှ ပုစွန် အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်နှင့် ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း (၄၀) ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တိုက်ရိုက်တင်ပို့ရာ(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် တစ်နှစ်တာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန် (၄၆၃၇၈၈ ဒသမ ၃၉) တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၈၉ ဒသမ ၁၅) သန်း ရရှိထားကြောင်း သိရသည်။
Np News
