သထုံမြို့နယ် အုပ္ဖိုလ်ချောင်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် နွေစပါးရိတ်သိမ်းနေမှု ကြည့်ရှုစစ်ဆေး
သထုံ ဧပြီ ၂၇
မွန်ပြည်နယ် သထုံမြို့နယ် အုပ္ဖိုလ်ချောင်ကျေးရွာရှိ အုပ္ဖိုလ်ချောင် စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် နွေစပါးများ ရိတ်သိမ်းနေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများက အုပ္ဖိုလ်ချောင် စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် ရွှေသွယ်ရင်နွေစပါး ရိတ်သိမ်းပြီးစီးမှု အခြေအနေကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ နွေစပါးရိတ်သိမ်းရာတွင် ရွှေသွယ်ရင်စပါး တစ်ဧကလျှင် ၁၁၇ တင်း နှုန်းထွက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
MM-News-Category
