ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက လောင်စာတင်သွင်းမှုအတွက် ယခင်ကထက် ငွေကြေးပိုမို အသုံးပြုရလျက်ရှိ

News Image

  • ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက လောင်စာတင်သွင်းမှုအတွက် ယခင်ကထက် ငွေကြေးပိုမို အသုံးပြုရလျက်ရှိ

    အရှေ့အလယ်ပိုင်း ပဋိပက္ခများအရှိန် မြင့်တက်လာခြင်းကြောင့်  ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် ရုပ်ကြွင်းလောင်စာ တင်သွင်းမှုအတွက် ယခင်ကထက် ငွေကြေးပိုမိုအသုံးပြုရလျက် ရှိကြောင်း ဥရောပစွမ်းအင်ဆိုင်ရာ ကော်မရှင်နာမင်းကြီး ဒန်ဂျော်ဂျင်ဆင်က ပြောကြားလိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အရှေ့အလယ်ပိုင်းတွင် အီရန်စစ်ပွဲစတင်ချိန်မှစ၍ ရုပ်ကြွင်းလောင်စာတင်သွင်းရန်အတွက် ယူရို ၂၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ) ကျော်အထိ ပိုမိုအသုံးပြုခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဆက်လက်ဖြစ်ပွားနေသည့် အီရန်စစ်ပွဲကြောင့် ဥရောပသမဂ္ဂအဖွဲ့သည် စွမ်းအင်အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင်လာခဲ့ရပြီး မရေရာမှုများနှင့် ရင်ဆိုင်နေရကြောင်း ဂျော်ဂျင်ဆင်က ပြောကြားထားသည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ်   ဖိအားများ မြင့်တက်လာစေပြီး ရေနံဈေးနှုန်းများကို မြင့်တက်စေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအတွက် လောင်စာဆီအတွက် ကုန်ကျစရိတ် ပိုမိုများပြားလာစေခဲ့သည်။ 

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့ရည်စီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ဟော်မုရေလက်ကြားမှတစ်ဆင့် ကုန်သွယ်မှု စီးဆင်းမှုများကိုလည်း   နှောင့်နှေးစေခဲ့ကြောင်း သိရသည်။ 

MWD