စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မုံရွာ   ဧပြီ   ၂၃

၂၀၂၆ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဖလား  ခရိုင်ပေါင်းစုံ  အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို   ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်း ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင် အသင်း အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပြိုင်ပွဲဝင်အသင်းများက စစ်ကြောင်းပုံဖြင့်  ချီတက်အလေးပြုကာ ကွင်းအတွင်းနေရာယူကြသည်။

လိုက်လံနှုတ်ဆက်

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများက  ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် မုံရွာမြို့ အမှတ်(၂) စိုက်ပျိုး၊မွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းဖွားအဖွဲ့နှင့်  သူနာပြုနှင့်  သားဖွားသင်တန်းကျောင်း(မုံရွာ)မှ  သင်တန်းသူ များ၊ Fitness Dance   အဖွဲ့များ၏  ဖျော်ဖြေမှုများကို   ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက   ၂၀၂၆ - ခုနှစ်   စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စစ်ကိုင်းခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်  ဒေသန္တရစီမံကိန်းရည်မှန်းချက်  တာဝန်ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းဆိုင်ရာများကို မှာကြားပြီး တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်   ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်  မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့ထံ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ပေးအပ်ကာ  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

MDN