ကျောက်ဆည်မြို့၌ မိသားစုဝင်ငွေတိုးပွားရေး အခမဲ့ သင်ကြားပေးလျက်ရှိသော ပလတ်စတစ်ခြင်းတောင်း ရက်လုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ

News Image

  • ကျောက်ဆည်မြို့၌ မိသားစုဝင်ငွေတိုးပွားရေး အခမဲ့ သင်ကြားပေးလျက် ရှိသော ပလတ်စတစ်ခြင်းတောင်း ရက်လုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ဆည်၊ ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အမျိုးသမီး ၂၀ ဦးအား မိသားစုအပိုဝင်ငွေ တိုးပွားရေး မြို့နယ်အမျိုးမီးရေးရာအဖွဲ့မှကြီးမှူး၍ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ သင်ကြားပေးလျက်ရှိသော ပလတ်စတစ်ခြင်းတောင်းရက်လုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ခြင်းတောင်းရက်လုပ်သည့်နည်းပညာသည် အရိပ်ထဲတွင် တစ်နိုင်တစ်ပိုင် ဝင်ငွေရှာဖွေနိုင်သည့် ပညာဖြစ်သောကြောင့် အားလပ်သည့်အချိန်များ၌ မိသားစုအပိုဝင်ငွေရရှိရေး အရောင်အသွေးမျိုးစုံဖြင့် ခြင်းတောင်း အမျိုးအမျိုးရက်လုပ်သွားရန်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက သင်တန်းတွင်ရရှိခဲ့သည် နည်းပညာများကိုလက်တွေ့အသုံးချသွားရန် သင်တန်းဆင်းအမှာစကားပြောကြား ခဲ့သည်။ 

ထို့နောက် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းနည်းပြဆရာမ ဒေါ်အိအိစိုးအား ဂါဝရပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ခြင်းတောင်းရက်လုပ်နေသည့် သင်တန်းသူများအား အားဖြည့်အချိုရည်ဗူးများ ဝေငှပေးခဲ့ကြောင်းနှင့် သင်တန်းသူများကိုယ်တိုင်ရက်လုပ်ခဲ့သည့် ခြင်းတောင်းများအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး(ကျောက်ဆည်)