အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် သမ္မတထရမ့်ကို ပစ်မှတ်ထားသည့် ပစ်ခတ်မှုဖြစ်ပွား
အမေရိကန်၊ ဧပြီ ၂၆ — အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပစ်မှတ်ထားသည့် ပစ်ခတ်မှုတစ်ခုသည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။
ဝါရှင်တန်ဟီတန်ဟိုတယ် လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးက လုံခြုံရေးအေးဂျင့်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သံသယရှိသူကို ဖမ်းဆီးရမိထားကြောင်း အစိုးရရှေ့နေချုပ်က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
သံသယရှိသူသည် ကယ်လီဖိုးနီးယားပြည်နယ်သား အသက် ၃၁ နှစ်အရွယ် ကိုးတောမတ်အယ်လန်ဖြစ်ပြီး လော့အိန်ဂျလိမှတစ်ဆင့် ဝါရှင်တန်သို့ ရထားဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတထရမ့်နှင့် ဇနီးတို့ကို အခမ်းအနားမှ အရေးပေါ် ခေါ်ထုတ်ခဲ့ရပြီး ပစ်ခတ်ခံရသည့် လုံခြုံရေးအေးဂျင့်မှာ ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။
သံသယရှိသူထံမှ ပြောင်းတိုသေနတ်၊ ပစ္စတိုနှင့် ဓားအမြောက်အမြားကို သိမ်းဆည်းရမိထားပြီး ၎င်းအား အစိုးရအရာရှိကို လုပ်ကြံရန် ကြိုးပမ်းမှုအပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်။
ယခုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်နောက်ပိုင်း သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသည့် တတိယမြောက်ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။
Ref: AGC
MWD

,
,
,
,
,