စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ၈၄၀၀ ကျပ်ဖြင့် ၁၁၀ ပိဿာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင်များအား ရောင်းချပေး
ကျောက်ဆည် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ စားဝတ်နေရေးအထောက်အပံ့ရရှိစေရန်အတွက် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား အပတ်စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေး ၈၄၀၀ ကျပ်ဖြင့် စားအုန်းဆီ ၁၁၀ ပိဿာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၁၆၀ ဦးကျော်အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ဝက်သားတစ်ပိဿာ ငွေ ၂၆၀၀၀ ကျပ်။ အမဲသားတစ်ပိဿာ ငွေ ၂၅၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ငွေ ၂၈၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၈၄၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
သက်မောင်(ကျောက်ဆည်)
