သမိုင်းဝင် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် မက္ကဆီကို ပင်လယ်ကွေ့အတွင်း ပျက်ကျ
၂၀၁၆ ခုနှစ်တွင် လောင်စာဆီမသုံးဘဲ ကမ္ဘာတစ်ပတ်ပတ်နိုင်ခဲ့သော သမိုင်းဝင် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဖြစ်သည့် Solar Impulse 2 သည် မက္ကဆီကို ပင်လယ်ကွေ့အတွင်း ပျက်ကျသွားကြောင်း ၎င်း၏ပိုင်ရှင်က ထုတ်ဖော်ပြောသည်။
အဆိုပါလေယာဉ်ကို Skydweller Aero ကုမ္ပဏီက ဝယ်ယူပြီးနောက် ဒရုန်းအဖြစ် ပြုပြင်ပြောင်းလဲကာ ထိန်းချုပ်အရေးပေါ် ဆင်းသက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပိုင်ရှင်က ဆက်ပြောသည်။ Solar Impulse 2 သည် ဧပြီလ ၂၆ ရက်တွင် မစ္စစ္စပီပြည်နယ် စတင်နစ်မှ ပျံတက်ခဲ့ခြင်းဖြစ်ပြီး မေလ၄ ရက်တွင် မက္ကဆီကိုပင်လယ်ကွေ့အတွင်းပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်သည် ဒရုန်းအဖြစ်ပြောင်းလဲပြီးနောက် ၈ ရက်နှင့် ၁၄ မိနစ်ကြာ စံချိန်တင် ပျံသန်းနိုင်ခြင်းက စစ်ဘက်ဆိုင်ရာ ပတ်ဝန်းကျင်တွင် နေရောင်ခြည်စွမ်းအင်သုံး၍ အစဉ်အမြဲပျံသန်းနိုင်မှုကို သက်သေပြနိုင်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဘုတ်အဖွဲ့က အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးနေသည်။ ဆွစ်ဇာလန် လေယာဉ်မှူးများ ဖြစ်သော ဘားထရန်းပစ်ကာ့နှင့် အန်ဒရေးဘော့စဘာ့တို့ မောင်းနှင်ခဲ့သည့် Solar Impulse 2 သည် လောင်စာဆီမသုံးဘဲ ကီလိုမီတာ ၄၃၀၀၀ ခရီးကို ၂၃ ရက်ကြာ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
MWD

,