လက်ချောင်းဖြင့် အမှတ်အသားပြ ဓာတ်ပုံရိုက်ခြင်းက လက်ဗွေခိုးယူခံရနိုင်သည့် အန္တရာယ်ရှိဟုဆို
နေ့စဉ် အမှတ်တရဓာတ်ပုံများ ရိုက်ကူးရာတွင် ခေတ်စားသည့် 'V' ပုံစံ လက်ချောင်းအမှတ်အသား ပြုလုပ်ခြင်းသည် လက်ရှိအချိန်တွင် AI နည်းပညာကြောင့် လက်ဗွေခိုးယူခံရနိုင်သည့် လုံခြုံရေးအန္တရာယ်ရှိလာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
လုံခြုံရေးကျွမ်းကျင်သူ လီချန်က အနုပညာရှင်တစ်ဦး၏ Selfie ဓာတ်ပုံမှတစ်ဆင့်AI ကိရိယာများအသုံးပြုကာ လက်ဗွေရာများကိုထုတ်ယူနိုင်ကြောင်း လက်တွေ့ပြသပြီးနောက် ယခုလိုသတိပေးခြင်းဖြစ်သည်။ အကယ်၍ လက်ချောင်းထိပ်များသည် ကင်မရာဘက်သို့ တိုက်ရိုက်မျက်နှာမူထားပြီး ကင်မရာမှ ၅ ပေခန့်အတွင်း ရိုက်ကူးထားခြင်းဖြစ်ပါက လက်ဗွေအချက်အလက်များကို ရှင်းလင်းစွာ ထုတ်ယူနိုင်ခြေ အလွန်မြင့်မားကြောင်း ၎င်းကရှင်းပြသည်။
ထို့ပြင် ၁၀ ပေအကွာအဝေးမှ ရိုက်ကူးထားသည့်ဓာတ်ပုံများမှပင် လက်ဗွေအချက် အလက်ထက်ဝက်ခန့်ကို ဖော်ထုတ်နိုင်ဆဲဖြစ်သည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ဟန်ကျိုးမြို့၌ ရာဇဝတ်ဂိုဏ်းတစ်ခုသည် အိမ်ပိုင်ရှင်က အွန်လိုင်းပေါ်တင်ထားသည့်လက်ပုံကို အသုံးပြုကာ စမတ်တံခါးသော့ကို ဖွင့်လှစ်ရန်ကြိုးပမ်း ခဲ့ဖူးကြောင်း သတင်းဌာနများက ဖော်ပြထားသည်။
MWD

,