အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အိမ်ရှင်တရုတ်အသင်းကို ရှုံးနိမ့်

News Image

  • အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အိမ်ရှင်တရုတ်အသင်းကို ရှုံးနိမ့်

အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ အုပ်စုအေ၏ မြန်မာအသင်းနှင့် အိမ်ရှင်တရုတ်အသင်းတို့၏ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင်တရုတ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ပွဲစတင်ကတည်းက တရုတ်အသင်း၏ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ဖိအားပေးကစားမှုကို အသည်းအသန် ခုခံနေရပြီး ကစားသမားအများစုသည် နောက်တန်းတွင်သာ ပိတ်ဆို့ကာကွယ်ကစားခဲ့ရသည်။ တရုတ်အသင်း၏ တရစပ်တိုက်စစ်ကို မြန်မာဂိုးသမားက အကောင်းဆုံး ဟန့်တားနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၇ မိနစ်တွင် ပထမဂိုးကို ခွင့်ပြုပေးလိုက်ရသည်။

မြန်မာအသင်းအနေဖြင့် ခံစစ်ပိုင်း အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၃၀ မိနစ်တွင် ဒုတိယဂိုးနှင့် ၄၀ မိနစ်တွင် တတိယဂိုးတို့ကို ထပ်မံခွင့်ပြုလိုက်ရပြီး ပထမပိုင်းအပြီးတွင် တရုတ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားသည်။

ဒုတိယပိုင်းတွင် တရုတ်အသင်းသည် လူစားလဲမှုများပြုလုပ်ကာ ပိုမိုထိရောက်သည့် ဖိအားပေးတိုက်စစ်ဖြင့် ကစားလာသည်။ မြန်မာဂိုးသမားသည်လည်း အကြိမ်ကြိမ် ကာကွယ်ဟန့်တားနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၆၆ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် စတုတ္ထဂိုးကို ခွင့်ပြုခဲ့ရသည်။

ထို့နောက် ပွဲကစားချိန် ၇၂ မိနစ်တွင် ပယ်နယ်တီမှ ပဉ္စမဂိုးနှင့် ၈၅ မိနစ်တွင် ဆဋ္ဌမဂိုးတို့ကို ထပ်မံခွင့်ပြုခဲ့ရပြီး ပွဲအပြီးတွင် တရုတ်အသင်းက ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဝန်းရံခ

MWD