ပရီးမီးယားလိဂ်ပြိုင်ပွဲ စပိန်လာလီဂါပြိုင်ပွဲနှင့် အီတလီစီးရီးအေပြိုင်ပွဲများ ပွဲကြိုသုံးသပ်ချက်

News Image

  • ပရီးမီးယားလိဂ်ပြိုင်ပွဲ စပိန်လာလီဂါပြိုင်ပွဲနှင့် အီတလီစီးရီးအေပြိုင်ပွဲများ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် ‌Vs ဖူလ်ဟမ်

ကစားမည့် ရက် / အချိန်

(၂-၅-၂၀၂၆ ရက် ည ၁၁:၀၀နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

            ဖူလ်ဟမ်           ၀          -           ၁          အာဆင်နယ်

            အာဆင်နယ်     ၂          -           ၁          ဖူလ်ဟမ်

            ဖူလ်ဟမ်           ၁          -           ၁          အာဆင်နယ်

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

အာဆင်နယ်     ဝေး(ရှုံး)            အိမ်(နိုင်)          ဝေး(သရေ)

ဖူလ်ဟမ်           ဝေး(ရှုံး)            ဝေး(သ‌ရေ)       အိမ်(နိုင်)

ခန့်မှန်းရလဒ်

အာဆင်နယ် ၁ - ၀ ဖူလ်ဟမ်

ချန်ပီယံဆုအတွက်    လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရလဒ်ရရှိဖို့      လိုအပ်နေတဲ့     အာဆင်နယ် အသင်း  အိမ်ကွင်းမှာ    ရမှတ်ပြည့် ရရှိဖို့အတွက် အကောင်းဆုံးပြင်ဆင်လာမှာပါ။     အာဆင်နယ် အသင်းအတွက်  ဖူလ်ဟမ်အသင်းက   လန်ဒန်မြို့ခံ အသင်းဖြစ်လို့     အလွယ်တကူအသာစီးရယူနိုင်ဖို့ အတွက်တော့ ခက်ခဲမှာပါ။ အာဆင်နယ်အသင်း အတွက် ပွဲဆက်ကစားထားရလို့ ပွဲပန်းလာနိုင်တယ် ဆိုပေမယ့် ရမှတ်လိုအပ်ချက်ရှိတာကြောင့် အနိုင် ရလဒ်အတွက် အမှားခံမှာမဟုတ်ပါဘူး။ အာဆင် နယ်အသင်းရဲ့   ဒီဘောလုံးရာသီလိဂ် အိမ်ကွင်းစွမ်း ဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင်  ၁၇ ပွဲကစားပြီး ချိန်မှာ  ၁၃  ပွဲနိုင်၊  နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးရလဒ်ရရှိထားလို့    အိမ်ကွင်းစွမ်းဆောင်ရည်   အကောင်းဆုံး အသင်းအဖြစ်   ရပ်တည်နေတာကို   တွေ့ရမှာပါ။ ဆာကာပြန်လည်ပါဝင်လာနိုင်တဲ့      အာဆင်နယ် အသင်းတိုက်စစ်ပိုင်းက    ပိုမိုအားကောင်းလာလို့ ဖူလ်ဟမ်အသင်းခံစစ်ပိုင်းကို ဖိအားပေးလာနိုင်မှာပါ။

ဖူလ်ဟမ်အသင်းက အမှတ်ပေးဇယား အဆင့် (၁၀)နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် ဥရောပ ဝင်ခွင့်တစ်နေရာအတွက်   မျှော်လင့်ချက်ရှိနေလို့ ရမှတ်လိုအပ်ချက်ရှိနေတယ်ဆိုပေမယ့်  ပြိုင်ဘက်အသင်းက အာဆင်နယ်အသင်းဖြစ်သလို ချန်ပီယံဆု အတွက်  အားပြိုင်နေတဲ့အသင်းဖြစ်လို့  ခက်ခဲမှာ အမှန်ပါပဲ။ ဖူလ်ဟမ်အသင်းအတွက် အာဆင်နယ် အသင်း   အိမ်ကွင်းမှာ   သွားရောက်ကစားရတိုင်း ရလဒ်ကောင်းလေ့မရှိလို့   အခုအဝေးကွင်းပွဲစဉ်မှာ လည်း  အာဆင်နယ်အသင်းတိုက်စစ်ပိုင်းကို  ပွဲချိန် ပြည့်ထိန်းချုပ်ရခက်ခဲမှာပါ။    ဖူလ်ဟမ်အသင်းရဲ့ ဒီဘောလုံးရာသီလိဂ်အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်  ၁၇ ပွဲကစားပြီးချိန်မှာ  လေးပွဲ အနိုင်ရရှိပြီး လေးပွဲသရေရလဒ်နဲ့  ကိုးပွဲရှုံးနိမ့်ထား လို့   အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက   ဆိုးရွားနေတာကို    တွေ့ရမှာပါ။   ဖူလ်ဟမ်အသင်းအတွက် အာဆင်နယ်အသင်းတိုက်စစ်ပိုင်းကိုလည်း   ပွဲချိန် ပြည့်ထိန်းချုပ်ရခက်ခဲမှာပါ။

ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းမှာတော့ အာဆင် နယ်အသင်းက  ၁၁  ကြိမ် အနိုင်ရရှိထားပါတယ်။ ဖူလ်ဟမ်အသင်းကတော့       နှစ်ကြိမ်သာအနိုင်ရရှိပြီး      ခြောက်ကြိမ်သရေရလဒ်ထွက်ပေါ်ထားလို့ အာဆင်နယ်အသင်းက အသာစီးမှာရှိနေပါတယ်။ ဒါကြောင့်  အဘက်ဘက်က  အသာစီးမှာရှိနေတဲ့ အာဆင်နယ်အသင်းပဲ    အနိုင်သုံးမှတ်ရယူသွားပါ လိမ့်မယ်။

ဗလင်စီယာ ‌Vs အက်သလက်တီကို

ကစားမည့် ရက် / အချိန်

(၂-၅-၂၀၂၆ ရက် ည ၈:၄၅နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

            အက်သလက်တီကို       ၂          -           ၁          ဗလင်စီယာ

            ဗလင်စီယာ      ၀          -           ၃          အက်သလက်တီကို

            အက်သလက်တီကို       ၃          -           ၀          ဗလင်စီယာ

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

ဗလင်စီယာ      ဝေး(ရှုံး)            ဝေး(သရေ)       အိမ်(နိုင်)

အက်သလက်တီကို       ဝေး(ရှုံး)            အိမ်(နိုင်)          အိမ်(သရေ)

ခန့်မှန်းရလဒ်

ဗလင်စီယာ ၂ - ၁ အက်သလက်တီကို

ဗလင်စီယာအသင်းက        အမှတ်ပေးဇယား အဆင့်(၁၂)နေရာမှာ    ရပ်တည်နေတယ်ဆိုပေမယ့် တန်းဆင်းဇုန်က ဆီဗီလာအသင်းနဲ့ ရမှတ်ကွာဟမှု ငါးမှတ်သာရှိနေလို့ တန်းဆင်းဇုန်ဖိအားတွေရှိနေပြီး ရမှတ်လိုအပ်ချက်တွေရှိနေတာကို   တွေ့ရမှာပါ။ ဗလင်စီယာအသင်းရဲ့ လိဂ်အိမ်ကွင်းစွမ်းဆောင်ရည် ပိုင်းကို  ကြည့်မယ်ဆိုရင်  ၁၆  ပွဲကစားပြီးချိန်မှာ ခုနစ်ပွဲနိုင်၊    ငါးပွဲသရေနဲ့    လေးပွဲရှုံးရလဒ်ရရှိထား လို့  အိမ်ကွင်းဆိုရင်တော့  ရလဒ်ကောင်းလေ့ရှိတာကို    တွေ့ရမှာပါ။     ဗလင်စီယာအသင်းအတွက် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားခဲ့မယ်ဆို ရင်   တန်းဆင်းဇုန်ထဲရောက်သွားနိုင်လို့   အခုလို အိမ်ကွင်းပွဲစဉ်တွေမှာ     ရမှတ်ပြည့်ရရှိဖို့အတွက် အကောင်းဆုံးပြင်ဆင်လာမှာပါ။ ဗလင်စီယာအသင်း အတွက် ပြိုင်ဘက်အသင်းက အက်သလက်တီကို အသင်းဖြစ်လို့  ခက်ခဲနိုင်တယ်ဆိုပေမယ့်  အိမ်ရှင် အားသာချက်နဲ့ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ပါလိမ့်မယ်။

အက်သလက်တီကိုအသင်းကတော့     နောက် ပိုင်းပွဲစဉ်တွေမှာရလဒ်တွေဆိုးရွားနေပြီး နောက် ဆုံးကစားခဲ့တဲ့  ပြိုင်ပွဲစုံ  ငါးပွဲမှာ တစ်ပွဲသာအနိုင် ရရှိထားပါတယ်။      အက်သလက်တီကိုအသင်းရဲ့ ဒီဘောလုံးရာသီလိဂ် အဝေးကွင်းစွမ်းဆောင်ရည် ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၁၆ ပွဲကစားပြီးချိန် မှာ  လေးပွဲအနိုင်ရရှိပြီး  ငါးပွဲသရေရလဒ်နဲ့  ခုနစ်ပွဲ ရှုံးနိမ့်ထားလို့  အဝေးကွင်းဆိုရင်  ခြေစွမ်းပိုင်းက စိတ်ချလို့မရတာကို       တွေ့ရမှာပါ။             ဒါ့ပြင် အက်သလက်တီကိုအသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ရရှိဖို့အတွက်ကလည်း နီးစပ်နေသလို ဒီဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီး ဖိုင်နယ်အဆင့် တက်ရောက်ထားလို့  လာလီဂါပြိုင်ပွဲ ထက် ချန်ပီယံလိဂ်ပြိုင်ပွဲဘက်ကိုသာ ပိုမိုအာရုံစိုက် နေလို့ အခု  အဝေးကွင်းပွဲစဉ်မှာလည်း  ရုန်းကန်ရဖို့ ရှိပါတယ်။     အက်သလက်တီကိုအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ် အတွက်သာ ပိုမိုအာရုံစိုက်နေတာကို တွေ့ရမှာပါ။

ဒီနှစ်သင်းကြား  ထိပ်တိုက်တွေ့ဆုံမှုအပိုင်းကို ကြည့်မယ်ဆိုရင်     အက်သလက်တီကိုအသင်းက အကြိမ် ၂၀ နိုင်ထားပါတယ်။ ဗလင်စီယာအသင်း က ငါးကြိမ်အနိုင်ရရှိပြီး ၁၀ ကြိမ်သရေရလဒ်ထွက် ပေါ်ထားလို့ အက်သလက်တီကိုအသင်းက အသာစီး မှာရှိနေပါတယ်။  ဒါပေမဲ့  ဗလင်စီယာအသင်းက တန်းဆင်းဇုန်ဖိအားတွေရှိနေလို့ အိမ်ရှင်အားသာ ချက်နဲ့ အနိုင်ရအောင်ကစားမှာပါ။

ကိုမို ‌Vs နာပိုလီ

ကစားမည့် ရက် / အချိန်

(၂-၅-၂၀၂၆ ရက် ည ၁၀:၃၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

            နာပိုလီ ၁          -           ၁          ကိုမို

            နာပိုလီ ၀          -           ၀          ကိုမို

            ကိုမို     ၂          -           ၁          နာပိုလီ

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

ကိုမို     ဝေး(ရှုံး)            ဝေး(ရှုံး)            ဝေး(နိုင်)

နာပိုလီ ဝေး(သရေ)       အိမ်(ရှုံး)           အိမ်(နိုင်)

ခန့်မှန်းရလဒ်

ကိုမို ၂ - ၁ နာပိုလီ

ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်  မျှော်လင့်ချက်ရှိနေ သေးတဲ့ ကိုမိုအသင်းအတွက် အိမ်ကွင်းမှာ ရမှတ် ပြည့်ရယူပြီး   အဆင့်(၄)က  ဂျူဗင်တပ်စ်အသင်းကို ဖိအားပေးနိုင်ဖို့  အကောင်းဆုံးပြင်ဆင်လာမှာပါ။  နောက်ပိုင်းပွဲစဉ်တွေမှာ ကိုမိုအသင်းခြေစွမ်းပိုင်း ကျဆင်းလာတယ်ဆိုပေမယ့် အိမ်ကွင်းဆိုရင်တော့ အသင်းလိုက်ကစားပုံ   ကောင်းမွန်တဲ့အသင်းတစ် သင်းပါ။ ကိုမိုအသင်းရဲ့ ဒီဘောလုံးရာသီလိဂ်အိမ် ကွင်းစွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင် ၁၇ ပွဲ ကစားပြီးချိန်မှာ ကိုးပွဲအနိုင်ရရှိထားပြီး ငါးပွဲသရေ ရလဒ်နဲ့ သုံးပွဲရှုံးနိမ့်ထားလို့  အိမ်ကွင်းဆိုရင်  ရလဒ် ကောင်းရရှိအောင်  စွမ်းဆောင်နိုင်တဲ့အသင်းတစ် သင်းပါ။ ဒါ့ပြင် ကိုမိုအသင်းရဲ့  အိမ်ကွင်းတိုက်စစ် ပိုင်းစွမ်းဆောင်ရည်ပိုင်းကို  ကြည့်မယ်ဆိုရင် ၁၇ ပွဲ မှာ ၃၄ ဂိုးရရှိထားလို့ အိမ်ကွင်းဆိုရင် တိုက်စစ်ပိုင်း အားကောင်းတဲ့  အသင်းတစ်သင်းဖြစ်လို့  နာပိုလီ အသင်းခံစစ်ပိုင်းကို အကောင်းဆုံးဖိအားပေးကစား နိုင်ပါလိမ့်မယ်။

နာပိုလီအသင်းက      နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းမတည်ငြိမ်မှုတွေကြောင့်      ချန်ပီယံဆု အတွက် မျှော်လင့်ချက်အတော် လေးနည်းသွားလို့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက်သာ  ဆက်လက် အားပြိုင်ရဖို့ရှိနေပါတယ်။   နာပိုလီအသင်းရဲ့   ဒီ ဘောလုံးရာသီလိဂ် အဝေးကွင်းစွမ်းဆောင်ရည်ပိုင်း ကို ကြည့်မယ်ဆိုရင် ၁၇ ပွဲမှာ ကိုးပွဲနိုင်၊ နှစ်ပွဲသရေ နဲ့  ခြောက်ပွဲရှုံးနိမ့်ထားလို့  အ‌ဝေးကွင်းခြေစွမ်းပိုင်း က   ပုံမှန်အနေအထားမှာပဲရှိတာကို   တွေ့ရမှာပါ။ နာပိုလီအသင်းက    ကိုမိုအသင်းနဲ့   နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရုန်းကန်နေရပြီး နောက်ဆုံးတွေ့ဆုံ ခဲ့တဲ့  သုံးပွဲဆက်  နိုင်ပွဲပျောက်ဆုံးနေပြီး  နှစ်ပွဲသရေ နဲ့     တစ်ပွဲရှုံးနိမ့်တဲ့အထိ    ရုန်းကန်နေရတာကို တွေ့ရမှာပါ။ လက်ရှိ နာပိုလီအသင်းရဲ့ ခြေစွမ်းပိုင်း ကလည်း တည်ငြိမ်မှုအားနည်းနေဆဲဖြစ်လို့ ခံစစ် ပိုင်းက    အမှားအယွင်းတွေများပြီး      ရုန်းကန်နေရလို့ အိမ်ကွင်းတိုက်စစ်ပိုင်း အားကောင်းတဲ့ ကိုမိုအသင်း တိုက်စစ်ပိုင်းကို ထိန်းချုပ်ရ ခက်ခဲမှာပါ။

ဒီနှစ်သင်းကြားတွေ့ဆုံမှု အပိုင်းကို ကြည့်မယ်ဆိုရင် တစ်ကြိမ်စီ အပြန်အလှန်အနိုင်ရရှိထားပြီး နှစ်ကြိမ်သရေရလဒ်ထွက်ပေါ်ထားလို့ အသာစီးရရှိ ထားခြင်းမရှိပါဘူး။ လက်ရှိ ဒီနှစ်သင်းကြား ခြေစွမ်း ပိုင်းကလည်း    ကွာခြားမှုမရှိလို့    အိမ်ကွင်းဆိုရင် အသင်းလိုက်ကစားပုံကောင်းမွန်မှုရှိတဲ့        ကိုမိုအသင်းပဲ အိမ်ကွင်းမှာ မပြတ်သားတဲ့ရလဒ်နဲ့ အနိုင် ရယူသွားပါလိမ့်မယ်။

စည်သူအောင်

MWD