အာဖဂန်နစ္စတန်နိုင်ငံ၌ တစ်နှစ်တာအတွင်း ရှေးဟောင်းအမွေအနှစ်နေရာသစ် ၁၅ ခု မှတ်ပုံတင်နိုင်ခဲ့

News Image

  • အာဖဂန်နစ္စတန်နိုင်ငံ၌ တစ်နှစ်တာအတွင်း ရှေးဟောင်းအမွေအနှစ်နေရာသစ် ၁၅ ခု မှတ်ပုံတင်နိုင်ခဲ့

ကဘူးလ်   မေ   ၆

အာဖဂန်နစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံ၏ကြွယ်ဝသော သမိုင်းဝင်အမွေအနှစ်များကို မှတ်ပုံတင်ခြင်းနှင့်  ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် သိသာထင်ရှားသည့်   တိုးတက်မှုများရှိခဲ့ကြောင်း  မေ ၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံတစ်ဝန်းရှိ သမိုင်းဝင်အဆောက်အအုံ ၇၀ ဝန်းကျင်ကို ပညာရှင်များဖြင့် ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ကြောင်း၊  ထို့ပြင် အသစ်တွေ့ရှိသော ရှေးဟောင်းအမွေအနှစ်နေရာသစ် ၁၅ ခုကိုလည်း ဖော်ထုတ်ပြီး တရားဝင်မှတ်ပုံတင်နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ပိုးလမ်းမကြီးတစ်လျှောက်တည်ရှိသောကြောင့် ရှေးဟောင်းအမွေအနှစ်များ ထွန်းကားခဲ့သည့် သက်သေအထောက်အထားများစွာရှိနေပြီး ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုအမွေအနှစ်အကြွယ်ဝဆုံးနှင့် မတူကွဲပြားသော ယဉ်ကျေးမှုအမွေအနှစ်ပေါင်းစုံရှိသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။        

ဆင်ဟွာ

MDN