အီရန်နိုင်ငံမှ ဒရုန်းနှင့်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း UAE သတင်းထုတ်ပြန်

News Image

  • အီရန်နိုင်ငံမှ ဒရုန်းနှင့်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း UAE သတင်းထုတ်ပြန်

UAE နိုင်ငံအတွင်းသို့ အီရန်နိုင်ငံဘက်မှ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်နေမှုကို လက်ရှိတွင် တုံ့ပြန်ဆောင်ရွက်နေကြောင်း UAE ကာကွယ်ရေးဝန်ကြီးဌာနက အာရပ်ဘာသာစကားဖြင့် ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

သောကြာနေ့ (မေ ၈) နံနက်ပိုင်းက X လူမှုကွန်ရက်တွင် တင်ပြခဲ့သည့် ထုတ်ပြန်ချက်အရ "ဒုံးကျည်များနှင့် ဒရုန်း (UAVs) များကို ကြားဖြတ် တိုက်ခိုက်နေသည့် စစ်ဆင်ရေးများ" ကြောင့် နိုင်ငံတစ်ဝန်းတွင် ပေါက်ကွဲသံ များ ကြားနေရကြောင်း သိရှိရသည်။

"ပြည်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြရန်နှင့် သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ထားသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များကိုလိုက်နာကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေးစတင်ခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် UAE က ၎င်းတို့၏ ဝေဟင်ပိုင်နက်အတွင်း ခြိမ်းခြောက်မှုများ ကင်းစင်သွားပြီဖြစ်ကြောင်း ယခင်က ကြေညာခဲ့ဖူးသော်လည်း အမှန်တကယ်တွင်မူ တိုက်ခိုက်မှုများကို ဆက်လက်ကြားဖြတ် ဟန့်တားနေခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်လတာကာလအတွင်း အီရန်ဘက်မှ ပစ်ခတ်မှုများကို အခြားနိုင်ငံများထက် UAE က ပိုမိုခံခဲ့ရကြောင်း သိရှိရသည်။

ကိုးကား- CNN

Photo: PBS

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး