ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကံမြင့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းက ကံမြင့်ကျေးရွာအတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာမြေငှားဂရန်များ ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကျေးရွာမြေငှားဂရန် လျှောက်လွှာတွင် ပါဝင်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် ကျေးရွာမြေငှား ဂရန်လျှောက်လွှာများကို ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံများကိုယ်စား ကံမြင့်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)
MDN
