သထုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်

News Image

  • သထုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်

သထုံ မေ ၁၀

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ပိုမိုနီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ဘင်လှိုင်ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပသည်။

 

ဦးစွာ လွှတ်တော်ကိုယ်စားလှယ်ရုံးအား ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းဖြင့် ပြည်သူများ၏အခက်အခဲများ၊ ဒေသလိုအပ်ချက်များနှင့် တိုင်ကြားတင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ လက်ခံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ခရိုင်(ပြန်/ဆက်)

MDN