Bank of China ပညာတော်သင်ဆုစီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

News Image

  • Bank of China ပညာတော်သင်ဆုစီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၆

Bank of China ပညာတော်သင်ဆု စီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ ဒုတိယဝန်ကြီး‌နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး Bank of China – Hong Kong ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တရုတ်ဘာသာစကားသင်တန်း သဘောတူစာချွန်လွှာကို အရှေ့ပိုင်းကိုယ်ပိုင်အထက်တန်းကျောင်း ELBC Language Center ဥက္ကဋ္ဌနှင့် တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မြန်မာနိုင်ငံရုံး ညွှန်ကြားရေးမှူးတို့က လက်မှတ်ရေးထိုးကြသည်။

moi